ကသာမြို့နယ်၌ မြစ်ရေတက်လာသဖြင့် လူပေါင်း ၁၀၀၀ ကျော်ဘေးလွတ်ရာ ပြောင်းရွှေ့

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေက ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်နားထိ တိုးလာနေပြီး အနိမ့်ပိုင်းနေရာတွေမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ဒေသခံ လူဦးရေ ၁၀၀၀ ကျော်ကို ရေလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။

အခုလို ပြောင်းရွှေ့နေကြရတာ ၃ ရက်လောက်ရှိနေပြီဖြစ်ပြီး နှစ်စဉ်မြစ်ရေတက်ချိန်တိုင်း ရေဝင်နေကျအနိမ့်ပိုင်းတွေကိုသာ ဝင်ရောက်သေးတာဖြစ်တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။

“ရေက စိုးရိမ်ရေအမှတ်မရောက်သေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက နိမ့်တဲ့ရေဝင်ဒေသတွေက ဟာတွေကို လွတ်တဲ့နေရာတွေရွှေ့ဖို့ မီးသတ်၊ ဘေးစီမံ၊ အုပ်ချုပ်ရေးနဲ့ လုပ်ထားတာပေါ့။ ရေတအားကြီးပြီး စိုးရိမ်ရမယ့်အခြေအနေက မရှိသေးဘူး။ လောလောဆယ် နိမ့်တဲ့အပိုင်းက အိမ်ထောင်စု ၂၀၇ စု၊ လူဦးရေ ၁၀၀၇ ဦးကို ရေလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။ ရေကတော့ ပြန်ကျမယ့်အနေအထားရှိပါတယ်။ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရမှု မရှိသေးပါဘူး။”လို့ ပြောပါတယ်။

ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်က ၁၀၄၀ စင်တီမီတာဖြစ်ပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ဧရာဝတီမြစ်ရေက ကသာမြို့မှာ ၁၀၂၂ စင်တီမီတာ ထိ ရောက်ရှိနေပါတယ်။

မြစ်အထက်ပိုင်း ဗန်းမော်၊ ရွှေကူမြို့တွေမှာတော့ တဖြည်းဖြည်းကျဆင်းနေပြီဖြစ်ပါတယ်။ လတ်တလောမှာ ကသာမြို့နယ်အတွင်း ကျွန်းရွာတွေနဲ့ အနိမ့်ပိုင်းကျေးရွာတွေပဲ ရေဝင်ရောက်နေသေးတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ကသာမြို့ရဲ့စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ခဲ့ပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံးထိရောက်ရှိခဲ့ပါတယ်။ ရေဘေးကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကိုတော့ ရေလွတ်ရာ နေရာတွေမှာ ချထားပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ မြစ်ရေကြီးမှု သတိပေးတာတွေကိုလုပ်ဆောင်နေကြပါတယ်။

—————-

စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ကသာၿမိဳ႕နယ္မွာ ဧရာဝတီျမစ္ေရက ကသာၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္နားထိ တိုးလာေနၿပီး အနိမ့္ပိုင္းေနရာေတြမွာ ျမစ္ေရဝင္ေရာက္ေနတာေၾကာင့္ ေဒသခံ လူဦးေရ ၁၀၀၀ ေက်ာ္ကို ေရလြတ္ရာကို ေျပာင္းေ႐ႊ႕ေနၾကရပါတယ္။

အခုလို ေျပာင္းေ႐ႊ႕ေနၾကရတာ ၃ ရက္ေလာက္ရွိေနၿပီျဖစ္ၿပီး ႏွစ္စဥ္ျမစ္ေရတက္ခ်ိန္တိုင္း ေရဝင္ေနက်အနိမ့္ပိုင္းေတြကိုသာ ဝင္ေရာက္ေသးတာျဖစ္တယ္လို႔ ကသာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဒဝက ေျပာပါတယ္။

“ေရက စိုးရိမ္ေရအမွတ္မေရာက္ေသးဘူး။ ၿပီးခဲ့တဲ့ ၃ ရက္ေလာက္ကတည္းက နိမ့္တဲ့ေရဝင္ေဒသေတြက ဟာေတြကို လြတ္တဲ့ေနရာေတြေ႐ႊ႕ဖို႔ မီးသတ္၊ ေဘးစီမံ၊ အုပ္ခ်ဳပ္ေရးနဲ႔ လုပ္ထားတာေပါ့။ ေရတအားႀကီးၿပီး စိုးရိမ္ရမယ့္အေျခအေနက မရွိေသးဘူး။ ေလာေလာဆယ္ နိမ့္တဲ့အပိုင္းက အိမ္ေထာင္စု ၂၀၇ စု၊ လူဦးေရ ၁၀၀၇ ဦးကို ေရလြတ္ရာ ေျပာင္းေ႐ႊ႕ထားပါတယ္။ ေရကေတာ့ ျပန္က်မယ့္အေနအထားရွိပါတယ္။ လူနဲ႔ တိရစာၦန္ေတြ ထိခိုက္ဒဏ္ရာရမႈ မရွိေသးပါဘူး။”လို႔ ေျပာပါတယ္။

ကသာၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္က ၁၀၄၀ စင္တီမီတာျဖစ္ပါတယ္။ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ဇူလိုင္လ ၁၅ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ တိုင္းတာခ်က္ေတြအရ ဧရာဝတီျမစ္ေရက ကသာၿမိဳ႕မွာ ၁၀၂၂ စင္တီမီတာ ထိ ေရာက္ရွိေနပါတယ္။

ျမစ္အထက္ပိုင္း ဗန္းေမာ္၊ ေ႐ႊကူၿမိဳ႕ေတြမွာေတာ့ တျဖည္းျဖည္းက်ဆင္းေနၿပီျဖစ္ပါတယ္။ လတ္တေလာမွာ ကသာၿမိဳ႕နယ္အတြင္း ကြၽန္း႐ြာေတြနဲ႔ အနိမ့္ပိုင္းေက်း႐ြာေတြပဲ ေရဝင္ေရာက္ေနေသးတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ ကသာၿမိဳ႕ရဲ႕စိုးရိမ္ေရအမွတ္ထက္ေက်ာ္လြန္ခဲ့ၿပီး ၁၀ ႏွစ္အတြင္း အျမင့္ဆုံးထိေရာက္ရွိခဲ့ပါတယ္။ ေရေဘးေၾကာင့္ ေျပာင္းေ႐ႊ႕ရတဲ့ အိမ္ေထာင္စုေတြကိုေတာ့ ေရလြတ္ရာ ေနရာေတြမွာ ခ်ထားေပးၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ၊ ျမစ္ေရႀကီးမႈ သတိေပးတာေတြကိုလုပ္ေဆာင္ေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*