ကိုဗစ္-၁၉ လူနာ ၆ ႏွစ္ကေလးအား ဆိုင္ကယ္ျဖင့္ ခက္ခက္ခဲခဲေခၚေဆာင္ၿပီး ေဆး႐ုံပို႔ခဲ့ရ (ဓာတ္ပုံ)

ခ်င္းျပည္နယ္က အသက္ ၆ ႏွစ္အ႐ြယ္ ကေလးငယ္မွာ ကိုဗစ္-၁၉ ေတြ႕ရွိၿပီးေနာက္ သြားလာရခက္ခဲတဲ့ ေက်း႐ြာကေန ဆိုင္ကယ္နဲ႔ အဆင့္ဆင့္ပို႔ေပးခဲ့ရတယ္လို႔ ၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉးက ေျပာပါတယ္။

လူနာအမွတ္ ၃၁၈ ျဖစ္တဲ့ ကေလးငယ္ဟာ သူ႔ရဲ႕ အေမနဲ႔အတူ အိႏၵိယႏိုင္ငံက ျပန္လာခဲ့ၿပီး တြန္းဇံၿမိဳ႕နယ္၊ ဟိုင္က်င္း႐ြာမွာ အသြားအလာကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈခံခဲ့ရတာပါ။

တြန္းဇံၿမိဳ႕နယ္ က်န္းမာေရးဦးစီးမႉး ေဒါက္တာ ထန္ရွင္းခိုင္က “ဇြန္ ၂၉ ရက္မွာ ႐ြာကို ျပန္ေရာက္လာတယ္။ ကြာရန္တင္းထားၿပီး Swab (အာေခါင္၊ ႏွာေခါင္းတို႔ဖတ္) ပို႔စစ္ၾကည့္ေတာ့ ကေလးတေယာက္မွာပဲ ပိုးေတြ႕တယ္လို႔ ဇူလိုင္ ၉ ရက္မွာ အေျဖထြက္လာပါတယ္။ အဲဒီေန႔ ေန႔လယ္ ၁၂ နာရီ မိနစ္ ၅၀ ေလာက္မွာပဲ ျပည္သူ႔က်န္းမာေရးႀကီးၾကပ္ ၂ တေယာက္နဲ႔ သူတို႔ အမ်ိဳးတေယာက္က ဆိုင္ကယ္နဲ႔ လိုက္ပို႔ေပးပါတယ္” လို႔ ေျပာပါတယ္။

ဟိုင္က်င္း႐ြာဟာ တြန္းဇံၿမိဳ႕နဲ႔ မိုင္ ၈၀ ေလာက္ေဝးၿပီး လမ္းခရီးကလည္း ဆိုးတာေၾကာင့္ ဆိုင္ကယ္နဲ႔ က်ီခါးၿမိဳ႕အထိ သြားေရာက္ၾကရပါတယ္။

က်ီခါးၿမိဳ႕ကေန လူနာတင္ယာဥ္နဲ႔ တြန္းဇံၿမိဳ႕ကို ထပ္ေခၚယူလာၿပီး တြန္းဇံၿမိဳ႕ေဆး႐ုံမွာ တည အိပ္ခဲ့ရပါေသးပါတယ္။

ေနာက္ေန႔မွာမွ လူနာတင္ယာဥ္နဲ႔ တီးတိန္ၿမိဳ႕ေဆး႐ုံကို ေရာက္ခဲ့ၾကတာပါ။ လူနာရဲ႕ လက္ရွိအေျခအေနဟာ ပုံမွန္ပဲ ျဖစ္ၿပီး လာမယ့္ ဇူလိုင္ ၁၆ ရက္ေန႔မွာ ထပ္ၿပီး စစ္ေဆးမယ္လို႔ ေဒါက္တာထန္ရွင္းခိုင္က ေျပာပါတယ္။

ဓာတ္ပုံ – ေဒါက္တာထန္ရွင္းခိုင္

ချင်းပြည်နယ်က အသက် ၆ နှစ်အရွယ် ကလေးငယ်မှာ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် သွားလာရခက်ခဲတဲ့ ကျေးရွာကနေ ဆိုင်ကယ်နဲ့ အဆင့်ဆင့်ပို့ပေးခဲ့ရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

လူနာအမှတ် ၃၁၈ ဖြစ်တဲ့ ကလေးငယ်ဟာ သူ့ရဲ့ အမေနဲ့အတူ အိန္ဒိယနိုင်ငံက ပြန်လာခဲ့ပြီး တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းရွာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခံခဲ့ရတာပါ။

တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထန်ရှင်းခိုင်က “ဇွန် ၂၉ ရက်မှာ ရွာကို ပြန်ရောက်လာတယ်။ ကွာရန်တင်းထားပြီး Swab (အာခေါင်၊ နှာခေါင်းတို့ဖတ်) ပို့စစ်ကြည့်တော့ ကလေးတယောက်မှာပဲ ပိုးတွေ့တယ်လို့ ဇူလိုင် ၉ ရက်မှာ အဖြေထွက်လာပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှာပဲ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ တယောက်နဲ့ သူတို့ အမျိုးတယောက်က ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်” လို့ ပြောပါတယ်။

ဟိုင်ကျင်းရွာဟာ တွန်းဇံမြို့နဲ့ မိုင် ၈၀ လောက်ဝေးပြီး လမ်းခရီးကလည်း ဆိုးတာကြောင့် ဆိုင်ကယ်နဲ့ ကျီခါးမြို့အထိ သွားရောက်ကြရပါတယ်။

ကျီခါးမြို့ကနေ လူနာတင်ယာဉ်နဲ့ တွန်းဇံမြို့ကို ထပ်ခေါ်ယူလာပြီး တွန်းဇံမြို့ဆေးရုံမှာ တည အိပ်ခဲ့ရပါသေးပါတယ်။

နောက်နေ့မှာမှ လူနာတင်ယာဉ်နဲ့ တီးတိန်မြို့ဆေးရုံကို ရောက်ခဲ့ကြတာပါ။ လူနာရဲ့ လက်ရှိအခြေအနေဟာ ပုံမှန်ပဲ ဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ ထပ်ပြီး စစ်ဆေးမယ်လို့ ဒေါက်တာထန်ရှင်းခိုင်က ပြောပါတယ်။

ဓာတ်ပုံ – ဒေါက်တာထန်ရှင်းခိုင်  DVB TV News