ဆင်ရွာရေတံခွန်ပိတ်ပြီးနောက် ဇင်း ကျိုက်ရေတံခွန်သို့လူထောင်ချီ စံချိန် တင်လာရောက် လည်ပတ်






ဝရဇိန် ပေါင်

လွန်ခဲ့သော ၂ရက်ကစတင်ပြီး ဆင်ရွာ ရေတံခွန်သို့လူသွားလာလည်ပတ်မှုအားသက်ဆိုင်ရာကတားဆီးကြပ်မတ်ထားသည်။အပန်းဖြေလည်ပတ်သူများမှာဇင်းကျိုက်သို့ဘက်ပြောင်း လည်ပတ်မှုပြုလုပ်ခဲ့သည်ကိုတွေ့ရသည်

တနင်္ဂနွေရုံးပိတ်ရက်လည်းဖြစ်နေ၍ ဇူ လိုင် ၁၂ ရက်နေ့က ဇင်းကျိုက်ရေ တံ ခွန်သို့ လာရောက် လည်ပတ်မှုသိသာစွာ စံချိန်တင် များပြား ခဲ့သည်

ဆိုင်ကယ်ဖြင့်လာရောက်ကြသူများပြားပြီး နေ့လည်ပိုင်း၌ အဝေးပြေး လမ်းမ ကြီးပေါ်တွင်ယာဉ်သွားလာမှု ရှုပ်ထွေးခဲ့သည်ကိုတွေ့ရသည်

“ဆိုင်ကယ်အပ်နှံတဲ့ဝင်းပြည့်သွားတယ်ဘောလုံးကွင်းထဲမှာကားတွေလာထားကြရတယ် “ဟု ဇင်းကျိုက်မြို့ခံ အမည် မဖေါ်လိုသူတစ်ဦးကပြောသည်

စည်ပင်သာယာ ဌာနမှ လေလံကန်ထရိုက်ချထားပေးသည့် လုပ်ငန်းများ ဇင်း ကျိုက် ရေတံခွန် တွင်သာလုပ်ကိုင်နေခြင်းလည်းဖြစ်ရာ  ကိုဗစ်-၁၉ ကန့်သတ်ကာလအ တွင်းလာရောက်လည် ပတ် ခြင်း မပြုရန်သတိပေးဆိုင်း ဘုတ်ကပ် ထား သည် ကိုတွေ့ရသော်လည်း ထိ ရောက် သော ကိုင်တွယ်အရေးယူခြင်းများအားမတွေ့ရသေးဟု ဝေဖန်မှုများမြင့်တက်နေခြင်းဖြစ်သည်

ဝရဇိန် ပေါင်