ဘန်ကောက်တွင် ကာတွန်းကားဇာတ်ဝင်သီချင်းကိုသီဆို၍ ထိုင်းလူငယ်များ အစိုးရကို ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ဇူလိုင် ၂၆ ရက်က ရာနဲ့ချီတဲ့ လူငယ်တွေက အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင်ပတ်လည်မှာရှိတဲ့ လမ်းတွေပေါ် ချီတက်ရင်း ဂျပန်ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို စာသားတွေကို ပြင်ပြီး သီဆို ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို ဖြုန်းတာရပ်ဖို့ကိုလဲ အစိုးရကို ဆော်သြခဲ့ပါတယ်။

ဟမ်တာရိုကာတွန်းရုပ်ရှင်ထဲက အဓိက ဇာတ်ဆောင် ဖြစ်ပြီး စက်ဝိုင်းဘီးတွေထဲမှာ ပြေးနေရတဲ့ အမြီးတိုပါးတွဲ ကြွက်ကလေး ဟမ်းစတာဆီက ဉာဏ်ကွန့်မြူး လှုံ့ဆော်မှုကို နမူနာယူပြီး ထိုင်းလူငယ်တွေက ဆန္ဒပြခဲ့ကြတာပါ။

လွှတ်တော်ဖျက်သိမ်းပေး၊ အာဏာပိုင်တွေနုတ်ထွက်ပေး စတဲ့ ကြွေးကြော်သံတွေကိုလည်း ထိုင်းလူငယ်တွေက ဟစ်ကြွေးခဲ့ပါတယ်။

ဒါဟာ လွတ်လပ်သောလူငယ်များလှုပ်ရှားမှုအတွင်း ဆန္ဒပြပွဲတွေထဲက တရပ်ဖြစ်ပြီး လွှတ်တော်ဖျက်သိမ်းရေး၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်မှုအဆုံးသတ်ရေးနဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက် ၃ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

——————

မိန္းမမ်က္ႏွာမေထာက္၊အသက္မျပည့္ေသးတဲ့ခယ္မကိုက်ဴးလြန္သူ

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရဲ႕ လမ္းေတြေပၚမွာ ဇူလိုင္ ၂၆ ရက္က ရာနဲ႔ခ်ီတဲ့ လူငယ္ေတြက အစိုးရႏုတ္ထြက္ေပးဖို႔ ေတာင္းဆို ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဘန္ေကာက္ၿမိဳ႕လယ္ရွိ ဒီမိုကေရစီေက်ာက္တိုင္ပတ္လည္မွာရွိတဲ့ လမ္းေတြေပၚ ခ်ီတက္ရင္း ဂ်ပန္ကာတြန္း႐ုပ္ရွင္ထဲက ဇာတ္ဝင္သီခ်င္းကို စာသားေတြကို ျပင္ၿပီး သီဆို ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး အခြန္ထမ္း ျပည္သူေတြရဲ႕ ေငြကို ျဖဳန္းတာရပ္ဖို႔ကိုလဲ အစိုးရကို ေဆာ္ၾသခဲ့ပါတယ္။

ဟမ္တာ႐ိုကာတြန္း႐ုပ္ရွင္ထဲက အဓိက ဇာတ္ေဆာင္ ျဖစ္ၿပီး စက္ဝိုင္းဘီးေတြထဲမွာ ေျပးေနရတဲ့ အၿမီးတိုပါးတြဲ ႂကြက္ကေလး ဟမ္းစတာဆီက ဉာဏ္ကြန႔္ျမဴး လႈံ႕ေဆာ္မႈကို နမူနာယူၿပီး ထိုင္းလူငယ္ေတြက ဆႏၵျပခဲ့ၾကတာပါ။

လႊတ္ေတာ္ဖ်က္သိမ္းေပး၊ အာဏာပိုင္ေတြႏုတ္ထြက္ေပး စတဲ့ ေႂကြးေၾကာ္သံေတြကိုလည္း ထိုင္းလူငယ္ေတြက ဟစ္ေႂကြးခဲ့ပါတယ္။

ဒါဟာ လြတ္လပ္ေသာလူငယ္မ်ားလႈပ္ရွားမႈအတြင္း ဆႏၵျပပြဲေတြထဲက တရပ္ျဖစ္ၿပီး လႊတ္ေတာ္ဖ်က္သိမ္းေရး၊ အစိုးရကို ေဝဖန္သူေတြကို ႏွိပ္ကြပ္မႈအဆုံးသတ္ေရးနဲ႔ စစ္တပ္က ေရးဆြဲထားတဲ့ အေျခခံဥပေဒ ျပင္ဆင္ေရး ေတာင္းဆိုခ်က္ ၃ရပ္ကို ထုတ္ျပန္ခဲ့ပါတယ္။

DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*