သမၼတေဟာင္း ဦးသိန္းစိန္ ႀကံ့ခိုင္ေရးပါတီ ေအာင္ႏိုင္ေရး ဝန္းရံ ကူညီမယ္

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီေအာင္ႏိုင္ေရးကို သမၼတေဟာင္း ဦးသိန္းစိန္အပါအဝင္ ပါတီစတင္တည္ေထာင္ခဲ့တဲ့ ေခါင္းေဆာင္ေဟာင္းေတြက ဝန္းရံကူညီသြားမယ္လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္က RFA ကို ေျပာပါတယ္။

သမၼတေဟာင္း ဦးသိန္းစိန္အပါအဝင္ ပါတီေခါင္းေဆာင္ေဟာင္းေတြဟာ တာဝန္ႀကီးႀကီးေတြ ယူမထားေပမယ့္ ပါတီဝင္ေတြအျဖစ္ ရွိေနတာေၾကာင့္ ေ႐ြးေကာက္ပြဲနီးရင္ ပါတီေအာင္ႏိုင္ေရးအတြက္ တက္ႏိုင္တဲ့ဘက္က ဝိုင္းဝန္းကူညီ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

အသက္အ႐ြယ္နဲ႔ သြားလာႏိုင္မႈေပၚ မူတည္ၿပီး ပါတီေအာင္ႏိုင္ေရး လုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔လည္း ဆိုပါတယ္။

ႀကံ့ခိုင္ေရးပါတီအေနနဲ႔ လက္ရွိ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ရာထားေ႐ြးခ်ယ္တာ ၿပီးစီးသြားၿပီျဖစ္ၿပီး အတည္ျပဳဖို႔ က်န္ေနေသးတယ္လို႔လည္း ေဒါက္တာ နႏၵာလွျမင့္က ေျပာပါတယ္။

ႀကံ့ခိုင္ေရးပါတီကို ဦးသိန္းစိန္က ဥကၠ႒အျဖစ္ စတင္တာဝန္ယူခဲ့ၿပီး ၂၀၁၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့အတြက္ ႏိုင္ငံေတာ္သမၼတ ျဖစ္လာခဲ့ပါတယ္။

အဲဒီေနာက္ သူရဦးေ႐ႊမန္းကို ပါတီဥကၠ႒အျဖစ္ တာဝန္ေပးအပ္ခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္မွာ ဥကၠ႒တာဝန္ကေန ဖယ္ရွားခဲ့ၿပီး လက္ရွိတာဝန္ယူထားတဲ့ ဦးသန္းေဌးက အဲဒီအခ်ိန္ကစၿပီး ဥကၠ႒တာဝန္ယူ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

——————

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးကို သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီစတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေက ဝန်းရံကူညီသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က RFA ကို ပြောပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီခေါင်းဆောင်ဟောင်းတွေဟာ တာဝန်ကြီးကြီးတွေ ယူမထားပေမယ့် ပါတီဝင်တွေအဖြစ် ရှိနေတာကြောင့် ရွေးကောက်ပွဲနီးရင် ပါတီအောင်နိုင်ရေးအတွက် တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အသက်အရွယ်နဲ့ သွားလာနိုင်မှုပေါ် မူတည်ပြီး ပါတီအောင်နိုင်ရေး လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ လက်ရှိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရာထားရွေးချယ်တာ ပြီးစီးသွားပြီဖြစ်ပြီး အတည်ပြုဖို့ ကျန်နေသေးတယ်လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီကို ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့အတွက် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ကနေ ဖယ်ရှားခဲ့ပြီး လက်ရှိတာဝန်ယူထားတဲ့ ဦးသန်းဌေးက အဲဒီအချိန်ကစပြီး ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

RFA Burmese