ဧရာဝတီလင္းပိုင္(အမ) တစ္ေကာင္ ေသဆုံး

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ စဥ့္ကူးၿမိဳ႕နယ္မွာ ဇူလိုင္ ၁၁ ရက္ မနက္ပိုင္းက ဧရာဝတီလင္းပိုင္(အမ) တစ္ေကာင္ ေသဆုံးသြားတယ္လို႔ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS) က သတင္းထုတ္ျပန္ပါတယ္။

ေဒသခံ ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးအဖြဲ႕ဝင္ ဆည္သည္ေျမာက္ေက်း႐ြာေန ဦးျမင့္ေအာင္ရဲ႕ သတင္းေပးခ်က္အရ ဇူလိုင္ ၁၁ ရက္ေန႔ မနက္ပိုင္းက စဥ့္ကူးၿမိဳ႕နယ္ ငါးလုပ္ငန္းဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉး ဦးေနလင္း ဦးေဆာင္တဲ့အဖြဲ႕မွ စစ္ေဆးခဲ့တာမွာ ေသဆုံးေနတဲ့ လင္းပိုင္ကိုေတြ႕ရွိခဲ့တာပါ။

ေသဆုံးတဲ့ ဧရာဝတီလင္းပိုင္အမဟာ ခႏၶာကိုယ္အလ်ား ၅ ေပ၊ ၂ လက္မနဲ႔ ခႏၶာကိုယ္လုံးပတ္ ၃ ေပ၊ ၂ လက္မ၊ အၿမီး႐ြက္ ၂ ခု အစြန္းအၾကား ၁ ေပ၊ ၂ လက္မ ေရွ႕ေရယက္အ လ်ား ၁၁ လက္မ ရွိပါတယ္။

ဧရာဝတီလင္းပိုင္ေတြဟာ ျမစ္ေရတိုးလာတဲ့အခ်ိန္မွာ ငါးေတြရွိတဲ့ ေခ်ာင္း႐ိုး၊ ေခ်ာင္းဖ်ားအထိ လိုက္လံအစာရွာေဖြ စားေသာက္တဲ့ အေလ့အထရွိၿပီး ပိုက္ၿငိ ေသဆုံးတာနဲ႔ ဘက္ထရီေရွာ့တိုက္ ငါးဖမ္းဆီးတာနဲ႔ ရင္ဆိုင္ေတြ႕ ေသဆုံးတာ ျဖစ္ႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဧရာဝတီလင္းပိုင္ေသကို မွတ္တမ္းထားရွိႏိုင္ေရး ဆည္သည္ေက်း႐ြာ အေနာက္ဘက္ ေသာင္ခုံမွာ အမွတ္အသားျပဳလုပ္ၿပီး ျမစ္သဲနဲ႔ ျမဳပ္ႏွံထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔ကလည္း မႏၲေလးတိုင္း၊ ျပင္ဦးလြင္ခ႐ိုင္၊ မတၱရာ ၿမိဳ႕နယ္မွာ တလသားအ႐ြယ္ေလာက္သာရွိေသးတဲ့ ဧရာဝတီလင္းပိုင္(အမ) သားေပါက္တစ္ေကာင္ဟာ ဘက္ထရီေရွာ့နဲ႔ထိေတြ႕ခဲ့တဲ့အတြက္ ေရွာင္တိမ္းႏိုင္ျခင္းမရွိဘဲ ဒဏ္ရာရၿပီး ေသဆုံးသြားခဲ့ပါတယ္။

ဧရာဝတီလင္းပိုင္ေတြဟာ ကမာၻမွာ မ်ိဳးတုံးေပ်ာက္ကြယ္ေတာ့မယ့္ ရွားပါးတိရစာၦန္အျဖစ္ သတ္မွတ္ခံထားရတာျဖစ္ၿပီး ဗန္းေမာ္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕အၾကားရွိ ျမစ္အပိုင္းအတြင္း ျဖန႔္ၾကက္သြားလာ ေပါက္ဖြား ရွင္သန္က်က္စားေနၾကတာ ျဖစ္ပါတယ္။

လက္ရွိ ဧရာဝတီျမစ္ထဲမွာ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းဌာနနဲ႔ WCS အဖြဲ႕တို႔က ထိန္းသိမ္းထားတဲ့ ဧရာဝတီလင္းပိုင္ အေကာင္ ၇၀ ေလာက္ရွိေနတယ္လို႔ သိရပါတယ္။

ဓာတ္ပုံ- WCS

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံးသွားတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သတင်းထုတ်ပြန်ပါတယ်။

ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ဝင် ဆည်သည်မြောက်ကျေးရွာနေ ဦးမြင့်အောင်ရဲ့ သတင်းပေးချက်အရ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း ဦးဆောင်တဲ့အဖွဲ့မှ စစ်ဆေးခဲ့တာမှာ သေဆုံးနေတဲ့ လင်းပိုင်ကိုတွေ့ရှိခဲ့တာပါ။

သေဆုံးတဲ့ ဧရာဝတီလင်းပိုင်အမဟာ ခန္ဓာကိုယ်အလျား ၅ ပေ၊ ၂ လက်မနဲ့ ခန္ဓာကိုယ်လုံးပတ် ၃ ပေ၊ ၂ လက်မ၊ အမြီးရွက် ၂ ခု အစွန်းအကြား ၁ ပေ၊ ၂ လက်မ ရှေ့ရေယက်အ လျား ၁၁ လက်မ ရှိပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ မြစ်ရေတိုးလာတဲ့အချိန်မှာ ငါးတွေရှိတဲ့ ချောင်းရိုး၊ ချောင်းဖျားအထိ လိုက်လံအစာရှာဖွေ စားသောက်တဲ့ အလေ့အထရှိပြီး ပိုက်ငြိ သေဆုံးတာနဲ့ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးတာနဲ့ ရင်ဆိုင်တွေ့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီလင်းပိုင်သေကို မှတ်တမ်းထားရှိနိုင်ရေး ဆည်သည်ကျေးရွာ အနောက်ဘက် သောင်ခုံမှာ အမှတ်အသားပြုလုပ်ပြီး မြစ်သဲနဲ့ မြုပ်နှံထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာ မြို့နယ်မှာ တလသားအရွယ်လောက်သာရှိသေးတဲ့ ဧရာဝတီလင်းပိုင်(အမ) သားပေါက်တစ်ကောင်ဟာ ဘက်ထရီရှော့နဲ့ထိတွေ့ခဲ့တဲ့အတွက် ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ဒဏ်ရာရပြီး သေဆုံးသွားခဲ့ပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ ကမ္ဘာမှာ မျိုးတုံးပျောက်ကွယ်တော့မယ့် ရှားပါးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်း ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်ကျက်စားနေကြတာ ဖြစ်ပါတယ်။

လက်ရှိ ဧရာဝတီမြစ်ထဲမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနဲ့ WCS အဖွဲ့တို့က ထိန်းသိမ်းထားတဲ့ ဧရာဝတီလင်းပိုင် အကောင် ၇၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- WCS  DVB TV News