ေက်ာက္ျဖဴၿမိဳ႕နယ္ စိုင္ၿခဳံေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ၃ ဦး ဖမ္းဆီးေခၚေဆာင္ခံရ

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ စိုင္ၿခဳံေက်း႐ြာမွာ ဇူလိုင္ ၁၁ ရက္ေန႔ မနက္ပိုင္းက ဓညဝတီေရတပ္စခန္း တပ္မေတာ္စစ္ေၾကာင္းတခုက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ၃ ဦးကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။

တပ္မေတာ္စစ္ေၾကာင္းက ေက်း႐ြာေဒသခံေတြကို စာသင္ေက်ာင္းမွာ ေခၚယူစစ္ေဆးခဲ့ၿပီး လူငယ္ ၂ ဦးနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တာလို႔ စိုင္ၿခဳံေက်း႐ြာေန အမည္မေဖာ္လိုသူ တဦးက ဒီဗြီဘီကို ေျပာပါတယ္။

“မေန႔က မနက္ ၄ နာရီေလာက္မွာ ဓညဝတီေရစခန္းက တပ္မေတာ္သားေတြ ႐ြာကို ေရာက္လာၾကတယ္။ ၿပီးေတာ့ ႐ြာက လူေတြအကုန္လုံးကို စာသင္ေက်ာင္းမွာစုခိုင္းၿပီးေတာ့ စစ္ေဆးတယ္။ ၿပီးရင္ တအိမ္တက္ တအိမ္ဆင္း ရွာေဖြတာေတြ လုပ္ေဆာင္ခဲ့တာေပါ့။ အဲဒီလိုစစ္ေဆးၿပီးေတာ့ ႐ြာက လူငယ္ ၂ ဦးကို မသကၤာလို႔ဆိုၿပီးေတာ့ ဖမ္းဆီးေခၚသြားခဲ့တယ္။ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကိုလည္း ေခၚသြားခဲ့တယ္” လို႔ ေျပာပါတယ္။

အခုလို ဖမ္းဆီးေခၚေဆာင္သြားတဲ့အေပၚ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကို ဒီဗြီဘီက ေမးျမန္းရာမွာ ေဒသခံေတြအေနနဲ႔ ဥပေဒနဲ႔အညီေနထိုင္ပါက စိုးရိမ္စရာမလိုဘူးလို႔ ေျပာပါတယ္။

“သူတို႔လုပ္စရာရွိတာ လုပ္ၾကမွာေပါ့ဗ်ာ၊ ဘာမ်ားသိခ်င္လို႔လဲ၊ သူတို႔ဥပေဒနဲ႔အညီေနလို႔ရွိရင္ ဘယ္သူမွ ဘာမွစိုးရိမ္စရာမရွိဘူး” လို႔ ေျပာပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္မွာ တပ္မေတာ္က လုံၿခဳံေရးအရ ေက်း႐ြာေတြကို ဝင္ေရာက္စစ္ေဆးကာ သံသယနဲ႔ ဖမ္းဆီးေခၚေဆာင္ၿပီး ျပန္လႊတ္ေပးတာ ရွိသလို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္လွစ္ၿပီး ရဲစခန္းကို လႊဲေျပာင္းေပးတာေတြ ရွိေနပါတယ္။ အဲဒီထဲက ဖမ္းဆီးခံရသူတခ်ိဳ႕နဲ႔ အဆက္အသြယ္မရေသးတာေၾကာင့္ မိသားစုဝင္ေတြက စိုးရိမ္ေနၾကပါတယ္။

အခုလို ဖမ္းဆီးေခၚေဆာင္တာေတြေၾကာင့္ လယ္ယာလုပ္ငန္း လုပ္ကိုင္စားေသာက္ေန ၾကတဲ့ ေဒသခံေတြဟာ စိုးရိမ္ထိတ္လန႔္ၿပီး မလုပ္ရဲၾကေတာ့ပဲ စားဝတ္ေနေရး ခက္ခဲေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေနာင္ေနာင္

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ဓညဝတီရေတပ်စခန်း တပ်မတော်စစ်ကြောင်းတခုက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တပ်မတော်စစ်ကြောင်းက ကျေးရွာဒေသခံတွေကို စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လူငယ် ၂ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ စိုင်ခြုံကျေးရွာနေ အမည်မဖော်လိုသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မနက် ၄ နာရီလောက်မှာ ဓညဝတီရေစခန်းက တပ်မတော်သားတွေ ရွာကို ရောက်လာကြတယ်။ ပြီးတော့ ရွာက လူတွေအကုန်လုံးကို စာသင်ကျောင်းမှာစုခိုင်းပြီးတော့ စစ်ဆေးတယ်။ ပြီးရင် တအိမ်တက် တအိမ်ဆင်း ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာပေါ့။ အဲဒီလိုစစ်ဆေးပြီးတော့ ရွာက လူငယ် ၂ ဦးကို မသင်္ကာလို့ဆိုပြီးတော့ ဖမ်းဆီးခေါ်သွားခဲ့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ခေါ်သွားခဲ့တယ်” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကို ဒီဗွီဘီက မေးမြန်းရာမှာ ဒေသခံတွေအနေနဲ့ ဥပဒေနဲ့အညီနေထိုင်ပါက စိုးရိမ်စရာမလိုဘူးလို့ ပြောပါတယ်။

“သူတို့လုပ်စရာရှိတာ လုပ်ကြမှာပေါ့ဗျာ၊ ဘာများသိချင်လို့လဲ၊ သူတို့ဥပဒေနဲ့အညီနေလို့ရှိရင် ဘယ်သူမှ ဘာမှစိုးရိမ်စရာမရှိဘူး” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တပ်မတော်က လုံခြုံရေးအရ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးကာ သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လွှတ်ပေးတာ ရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ပြီး ရဲစခန်းကို လွှဲပြောင်းပေးတာတွေ ရှိနေပါတယ်။ အဲဒီထဲက ဖမ်းဆီးခံရသူတချို့နဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေ ကြတဲ့ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ပြီး မလုပ်ရဲကြတော့ပဲ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်နောင်  DVB TV News