သောင်ရင်းမြစ်ကို လက်ပစ်ကူး ခိုးဝင်လာတဲ့တရုတ် နိုင်ငံသား၁၆ ဦးကို ထိုင်း ရဲက ဖမ်းဆီး


တရုတ်နိုင်ငံသား `၁၆ ဦးကို မဲဆောက် ၇ဲစခန်းကိုခေါ်ဆောင်သွားပြီးဘာသာပြန်နဲ့ စစ်ဆေးနေကြောင်း သိရပါတယ်။



SAW

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်ခြားစောင့် ရဲကင်းလှည့်အဖွဲ့ကဒီကနေ့နံနက်ပိုင်းမှာ တဘက်နိုင်ငံ မြဝတီကနေ မိုးရေးမြစ်ခေါ်သောင်ရင်းမြစ်ကို ဖြတ်ကူးလာကြတဲ့ တရုတ်နိုင်ငံသား ၁၆ဦးကို တွေ့ခဲ့ပြီး အားလုံးကို ထိုင်းနိုင်ငံပိုင်
နက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

တရုတ်နိုင်ငံသား `၁၆ ဦးကို မဲဆောက် ရဲစခန်းကိုခေါ်ဆောင်သွားပြီးဘာသာပြန်နဲ့ စစ်ဆေးနေကြောင်း သိရပါတယ်။

ဇူလိုင်လ ၁၁ရက် နေ့ကလည်း တရုတ်နိုင်ငံသား၂ဦးကို ကားထဲမှာ ဖွက်ပီး ခေါ်လာတဲ့ ထိုင်းအမျိုးသမီးတဦးမောင်းလာတဲ့ကားကို ဖမ်းလိုက်ပါတယ် ။

ဒီတရုတ်နိုင်ငံသားတွေထံကနေ တစ်ဦးကို ဘတ်ငွေ ၁၅၀၀၀ ယူပြီး ခေါ်လာခဲ့တာလို့ ဆိုပါတယ်

SAW