ၿမိဳ႕ခံတဦးကို လက္သီးျဖင့္ ထိုးခဲ့မႈအတြက္ ပုသိမ္ရဲတပ္ဖြဲ႕ ျပန္ေတာင္းပန္

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ ကမ္းနားလမ္းမွာ ဇူလိုင္ ၁ဝ ရက္ေန႔ညပိုင္းက ယာဥ္တိုက္မႈတခုမွာ ဝင္ေရာက္ကူညီေပးေနတဲ့ ပုသိမ္ၿမိဳ႕ခံတဦးကို လက္သီးနဲ႔ထိုးခဲ့တဲ့ ရဲတပ္ၾကပ္ႀကီးတဦးရဲ႕ လုပ္ရပ္အတြက္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြက အထိုးခံရသူကို ျပန္လည္ေတာင္းပန္လိုက္ပါတယ္။

ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး တင္လႈိင္၊ ေရေၾကာင္းရဲတပ္ဖြဲ႕စု (ပုသိမ္)မွ ဒုတပ္ဖြဲ႕စုမႉး ဒုရဲမႉး ေအာင္မိုးႏိုင္ ဦးေဆာင္တဲ့ ရဲတပ္ဖြဲ႕ အရာရွိေတြက ပုသိမ္နယ္ေျမရဲစခန္းမွာ အထိုးခံရတဲ့ ကာယကံရွင္ကို ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ လုပ္ရပ္အတြက္ ဇူလိုင္ ၁၂ ရက္ေန႔မနက္ပိုင္းက ေတာင္းပန္ခဲ့တာပါ။

ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးတင္လႈိင္က “အခန႔္မသင့္ျဖစ္သြားရတဲ့ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး က်ေနာ့္တပ္ဖြဲ႕ဝင္ေတြ မွားသြားတဲ့အေပၚမွာ တပ္ဖြဲ႕ဝင္ေတြကိုယ္စား က်ေနာ္တို႔ ေတာင္းပန္ပါတယ္။ ေျဖေလွ်ာ့ၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္” လို႔ ေျပာပါတယ္။

ျဖစ္စဥ္ျဖစ္ပြားရာမွာ ပါဝင္ခဲ့တဲ့ ေရကင္းရဲတပ္ၾကပ္ႀကီး မ်ိဳးေအာင္နဲ႔ ရဲတပ္ၾကပ္ ၁ ဦး၊ ဒုတပ္ၾကပ္ ၁ ဦးကို ပုသိမ္နယ္ေျမရဲစခန္းမွာ ထိန္းသိမ္းထားရွိၿပီး ရဲစည္းကမ္းနဲ႔အညီ အေရးယူသြားမယ္လို႔ ပုသိမ္ၿမိဳ႕ေရကင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေရေၾကာင္းရဲတပ္ဖြဲ႕စု(ပုသိမ္)မွ ဒုတပ္ဖြဲ႕စုမႉး ဒုရဲမႉးေအာင္မိုးႏိုင္က “ျပည္သူလူထုနဲ႔ ဆက္ဆံရာမွာ ခုလို႐ိုင္းပ်စြာ ျပဳမူဆက္ဆံလို႔မရသလို က်င့္ဝတ္ေတြရွိၿပီးသား ျဖစ္သလို ခုလို ႐ိုင္းပ်စြာ ေျပာဆိုဆက္ဆံခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ခြင့္လႊတ္ေပးဖို႔အတြက္ တာဝန္ရွိသူတေယာက္အေနနဲ႔ ေတာင္းပန္ပါတယ္” လို႔ ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို မထိခိုက္ေစလိုတာေၾကာင့္ အမႈဖြင့္တာေတြ မလုပ္ေတာ့ဘူးလို႔ က်ဴးလြန္ခံရသူ ကိုဝင္းႏိုင္ထြန္းက ေျပာပါတယ္

———————–

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုတခုမှာ ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးရဲ့ လုပ်ရပ်အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အထိုးခံရသူကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်မိုးနိုင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ အရာရှိတွေက ပုသိမ်နယ်မြေရဲစခန်းမှာ အထိုးခံရတဲ့ ကာယကံရှင်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်အတွက် ဇူလိုင် ၁၂ ရက်နေ့မနက်ပိုင်းက တောင်းပန်ခဲ့တာပါ။

ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က “အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။ ဖြေလျှော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ရေကင်းရဲတပ်ကြပ်ကြီး မျိုးအောင်နဲ့ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနဲ့အညီ အရေးယူသွားမယ်လို့ ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မိုးနိုင်က “ပြည်သူလူထုနဲ့ ဆက်ဆံရာမှာ ခုလိုရိုင်းပျစွာ ပြုမူဆက်ဆံလို့မရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလို ခုလို ရိုင်းပျစွာ ပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတယောက်အနေနဲ့ တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မထိခိုက်စေလိုတာကြောင့် အမှုဖွင့်တာတွေ မလုပ်တော့ဘူးလို့ ကျူးလွန်ခံရသူ ကိုဝင်းနိုင်ထွန်းက ပြောပါတယ်

DVB TV News