သူတော်ကောင်းတို့ကျင့်စဉ်တွေထဲမှာ ဝစီပိတ်ကျင့်စဉ် ပါသလား

0
197

လောကတွင် ပညာမဲ့တို့သည် ပညာရှိတို့ထက် ပို၍အင်အားများပြား၏။ထိုပညာမဲ့ အများစုတို့သည် တကယ့်အစစ်အမှန်လား …. အတုအယောင်လား … ဆိုသည်ကို မိမိတို့ ဉာဏ်ဖြင့်ဆန်းစစ်ဝေဖန်နိုင်ခြင်းမရှိလေရကား

မည်သည့်အရပ်ဒေသ၌ မည်သို့သောသူ မည်သို့သောအရာသည် ထူးခြားဆန်းကြယ်နေသည်ဟု သဲ့သဲ့မျှ ကြားလျှင်ပင် ထိုနေရာသို့ဦးစွာရောက်သွားတတ်စမြဲဖြစ်၏ ။

ဤ ၌ စဉ်းစားဉာဏ် အသင့်အတင့်ရှိသူပင်လျှင် အနည်းအကျဉ်းမျှတော့ တွေဝေငေးမောသွားတတ်၏။စင်စစ်လူဆိုသည်မှာ အထူးအဆန်းဆိုပါက စိတ်ဝင်စားတတ်ကြသည် မဟုတ်ပါလား . . . . ။

ယခုကာလ၌ ” မည်သည့်ပုဂ္ဂ္ဂ္ဂိုလ်သည် ဝစီပိတ်အကျင့်ကို ကျင့်နေသည် ” ဟူသော သတင်းစကားကို ကြားလျှင် အထူးအဆန်းဖြစ်ကာ ထို ပုဂ္ဂ္ဂ္ဂိုလ်ထံသို့ သွားရောက် ဆည်းကပ်လေ့ရှိကြသည်။ပညာရှိသူတော်ကောင်းများ လုပ်လေ့လုပ်ထ မရှိခြင်းကို မစဉ်းစား။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဖြစ်သည်။

ရဟန်တော်တစ်စုသည် ကောသလတိုင်းအတွင်းရှိ ဇရပ် ၌ သွားရောက်ဝါဆိုကာ ဝစီပိတ်အကျင့်ကို ကျင့်စဉ်တစ်ရပ်အဖြစ် ကျင့်ခဲ့ကြ၏။

ထိုသို့ ဝါတွင်းတစ်တွင်းလုံး ဝစီပိတ်ကျင့်စဉ်ကို ကျင့်ခဲ့ကြပြီး ဝါကျွတ်သည်ရှိသော် ဘုရားရှင်အား ဖူးမြော်ရန်အတွက် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ထွက်လာခဲ့ကြသည်။

ဘုရားရှင်ထံ ရောက်ရှိဖူးမြော်ကြပြီးလေသော် . . . ဘုရားရှင်က ချစ်သားတို့ .. . သင်တို့သည် ချမ်းချမ်းသာသာ နေထိုင်ကာ တရားကျင့်ခဲ့ပါသလော ဟု မေးတော်မူလေသည်။

ထိုအခါ ရဟန်းတို့က ” အရှင်ဘုရား . . .တပည့်တော်တို့သည် ချမ်းချမ်းသာသာဖြင့် ဝစီပိတ်အကျင့်ကို ကျင့်ခဲ့ကြပါသည် ဟု ဖြေကြားလေသည်။

ဤတွင် ဘုရားရှင်လည်း ” ဟယ် မဂ်ဖိုလ်မရ ၊ အချည်းနှီးသော ယောကျ်ားတို့ ….သင်တို့ကား ခြင်္သေ့ ၊ သစ် ၊ကျားတို့နေထိုင်ခြင်း၊ ရန်သူတို့၏ နေထိုင်ခြင်းဖြင့်နေထိုင်ပြီး စကားမပြော တုံဏှိဘောနဲ့ နေထိုင်ခဲ့ကြတာကိုတောင်မှ ချမ်းချမ်းသာသာနေထိုင်ရတယ်လို့ ဆိုတယ်၊ ဝန်ခံကြတယ်။

သင်တို့ဟာ တိတ္ထိဂိုဏ်းဝင်တွေ ဆောက်တည်ကျင့်သုံးလေ့ရှိတဲ့ ” မူဂဗ္ဗတ ” လို့ဆိုတဲ့ ဆွံ့အသူတို့ရဲ့ အကျင့်ကို ဘာကြောင့်ကျင့်သုံးရသလဲ ၊ သင်တို့ကျင့်တဲ့ ဝစီပိတ်အကျင့်ဟာ မကြည်ညိုသေးသူတွေကို ကြည်ညိုဖို့မဖြစ်စေနိုင်သလို ၊ ကြည်ညိုပြီးတဲ့သူတွေကိုလည်း တိုးပြီး မကြည်ညိုစေနိုင်ဘူး ၊ သည်တော့ ” ဝစီပိတ်ကျင့်တဲ့ ရဟန်းမှန်သမျှ ဒုက္ကဋ် အာပတ်သင့်စေ” ဟူ၍ ပညတ်တော်မူခဲ့သည်။

သို့ဖြစ်၍ ” ဝစီပိတ် အကျင့် ” စသည်တို့ကို မသိသူတို့က အကျင့်ကောင်းတစ်ခုဟု ထင်မှတ်နေကြသော်လည်း အမှန်စင်စစ် မူကား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ပိတ်ပင်တားမြစ်တော်မူခဲ့သည့် အကျင့်ပင် ဖြစ်လေသည်။

နန္ဒာမိုးကြယ် စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။( D Nae Khit )

—————

သူေတာ္ေကာင္းတို႔က်င့္စဥ္ေတြထဲမွာ ဝစီပိတ္က်င့္စဥ္ ပါသလား

ေလာကတြင္ ပညာမဲ့တို႔သည္ ပညာရွိတို႔ထက္ ပို၍အင္အားမ်ားျပား၏။ထိုပညာမဲ့ အမ်ားစုတို႔သည္ တကယ့္အစစ္အမွန္လား …. အတုအေယာင္လား … ဆိုသည္ကို မိမိတို႔ ဉာဏ္ျဖင့္ဆန္းစစ္ေဝဖန္ႏိုင္ျခင္းမရွိေလရကား

မည္သည့္အရပ္ေဒသ၌ မည္သို႔ေသာသူ မည္သို႔ေသာအရာသည္ ထူးျခားဆန္းၾကယ္ေနသည္ဟု သဲ့သဲ့မွ် ၾကားလွ်င္ပင္ ထိုေနရာသို႔ဦးစြာေရာက္သြားတတ္စၿမဲျဖစ္၏ ။

ဤ ၌ စဥ္းစားဉာဏ္ အသင့္အတင့္ရွိသူပင္လွ်င္ အနည္းအက်ဥ္းမွ်ေတာ့ ေတြေဝေငးေမာသြားတတ္၏။စင္စစ္လူဆိုသည္မွာ အထူးအဆန္းဆိုပါက စိတ္ဝင္စားတတ္ၾကသည္ မဟုတ္ပါလား . . . . ။

ယခုကာလ၌ ” မည္သည့္ပုဂၢၢၢိဳလ္သည္ ဝစီပိတ္အက်င့္ကို က်င့္ေနသည္ ” ဟူေသာ သတင္းစကားကို ၾကားလွ်င္ အထူးအဆန္းျဖစ္ကာ ထို ပုဂၢၢၢိဳလ္ထံသို႔ သြားေရာက္ ဆည္းကပ္ေလ့ရွိၾကသည္။ပညာရွိသူေတာ္ေကာင္းမ်ား လုပ္ေလ့လုပ္ထ မရွိျခင္းကို မစဥ္းစား။

ဘုရားရွင္ သက္ေတာ္ထင္ရွားရွိစဥ္အခါက ျဖစ္သည္။

ရဟန္ေတာ္တစ္စုသည္ ေကာသလတိုင္းအတြင္းရွိ ဇရပ္ ၌ သြားေရာက္ဝါဆိုကာ ဝစီပိတ္အက်င့္ကို က်င့္စဥ္တစ္ရပ္အျဖစ္ က်င့္ခဲ့ၾက၏။

ထိုသို႔ ဝါတြင္းတစ္တြင္းလုံး ဝစီပိတ္က်င့္စဥ္ကို က်င့္ခဲ့ၾကၿပီး ဝါကြၽတ္သည္ရွိေသာ္ ဘုရားရွင္အား ဖူးေျမာ္ရန္အတြက္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္သို႔ ထြက္လာခဲ့ၾကသည္။

ဘုရားရွင္ထံ ေရာက္ရွိဖူးေျမာ္ၾကၿပီးေလေသာ္ . . . ဘုရားရွင္က ခ်စ္သားတို႔ .. . သင္တို႔သည္ ခ်မ္းခ်မ္းသာသာ ေနထိုင္ကာ တရားက်င့္ခဲ့ပါသေလာ ဟု ေမးေတာ္မူေလသည္။

ထိုအခါ ရဟန္းတို႔က ” အရွင္ဘုရား . . .တပည့္ေတာ္တို႔သည္ ခ်မ္းခ်မ္းသာသာျဖင့္ ဝစီပိတ္အက်င့္ကို က်င့္ခဲ့ၾကပါသည္ ဟု ေျဖၾကားေလသည္။

ဤတြင္ ဘုရားရွင္လည္း ” ဟယ္ မဂ္ဖိုလ္မရ ၊ အခ်ည္းႏွီးေသာ ေယာက်္ားတို႔ ….သင္တို႔ကား ျခေသၤ့ ၊ သစ္ ၊က်ားတို႔ေနထိုင္ျခင္း၊ ရန္သူတို႔၏ ေနထိုင္ျခင္းျဖင့္ေနထိုင္ၿပီး စကားမေျပာ တုံဏွိေဘာနဲ႔ ေနထိုင္ခဲ့ၾကတာကိုေတာင္မွ ခ်မ္းခ်မ္းသာသာေနထိုင္ရတယ္လို႔ ဆိုတယ္၊ ဝန္ခံၾကတယ္။

သင္တို႔ဟာ တိတၳိဂိုဏ္းဝင္ေတြ ေဆာက္တည္က်င့္သုံးေလ့ရွိတဲ့ ” မူဂဗၺတ ” လို႔ဆိုတဲ့ ဆြံ႕အသူတို႔ရဲ႕ အက်င့္ကို ဘာေၾကာင့္က်င့္သုံးရသလဲ ၊ သင္တို႔က်င့္တဲ့ ဝစီပိတ္အက်င့္ဟာ မၾကည္ညိဳေသးသူေတြကို ၾကည္ညိဳဖို႔မျဖစ္ေစႏိုင္သလို ၊ ၾကည္ညိဳၿပီးတဲ့သူေတြကိုလည္း တိုးၿပီး မၾကည္ညိဳေစႏိုင္ဘူး ၊ သည္ေတာ့ ” ဝစီပိတ္က်င့္တဲ့ ရဟန္းမွန္သမွ် ဒုကၠဋ္ အာပတ္သင့္ေစ” ဟူ၍ ပညတ္ေတာ္မူခဲ့သည္။

သို႔ျဖစ္၍ ” ဝစီပိတ္ အက်င့္ ” စသည္တို႔ကို မသိသူတို႔က အက်င့္ေကာင္းတစ္ခုဟု ထင္မွတ္ေနၾကေသာ္လည္း အမွန္စင္စစ္ မူကား ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကိုယ္ေတာ္တိုင္ ပိတ္ပင္တားျမစ္ေတာ္မူခဲ့သည့္ အက်င့္ပင္ ျဖစ္ေလသည္။

နႏၵာမိုးၾကယ္ စာအုပ္မွ ထုတ္ႏႈတ္ေဖာ္ျပပါသည္။( D Nae Khit )

LEAVE A REPLY

Please enter your comment!
Please enter your name here