နေပြည်တော်ရှိ ဈေးများတွင် Mask တပ်မထားသူကို ဈေးရောင်းဝယ်ခွင့်ပိတ်ပင်မည်

0
169

နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဈေးတွေမှာ mask တပ်ဆင်ခြင်းမရှိဘဲ အရောင်းအဝယ်ပြုလုပ်နေတဲ့ ဈေးသည်တွေကို ဈေးရောင်းချခွင့် ယာယီပိတ်ဖို့နဲ့ mask မတပ်ထားတဲ့ ဈေးဝယ်တွေကိုလည်း ဈေးအတွင်း ဝင်ခွင့်မပြုဖို့ စီစဉ်နေတယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

မေလ ၁၂ ရက်နေ့က ဈေးတွေကို စနစ်တကျစီမံဆောင်ရွက်တာနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြိုင်၊ ကလောနဲ့ နေပြည်တော်ကောင်စီနယ်မြေက တာဝန်ရှိသူတွေ တွေ့ဆုံဆွေး‌နွေးခဲ့ကြရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်က ဈေးတွေမှာ ဈေးရောင်း၊ ဈေးဝယ်သူတွေ mask တပ်ဆင်မှု အားနည်းတာနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီက တာဝန်ရှိသူတွေက ဈေးတွေမှာ မျက်နှာအကာ Face Shield တွေနဲ့ နှာခေါင်းစည်း mask တွေကို လိုက်လံဝေငှ ပေးခဲ့ပါတယ်။

ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ” အဓိကကတော့ ဈေးသည်တွေကို ဦးစားပေးပြီးဝေတာပါဗျ။ အခုလောလောဆယ်မှာဆိုရင် မနက်က မြို့မဈေးမှာ ၅၀၀ လောက် ဝေခဲ့တယ်။ အခုဆိုရင် ၇၀၀ လောက်ဝေတယ်။ ပြီးတော့ ကျန်တဲ့ဈေးတွေကိုလည်း လိုက်ဝေမှာပါ။ အဓိက ဦးစားပေးကတော့ ဈေးသည်တွေပေါ့။ အမြဲတမ်းဈေးရောင်းရတဲ့သူတွေ အန္တရာယ်ကင်းဖို့ပါဗျ “လို့ ပြောပါတယ်။

Face Shield တွေနဲ့ mask တွေကို အခုလို ဈေးတွေမှာ လိုက်လံဝေငှအပြီးမှာတော့ အရေးယူမယ့် အစီအစဥ်တွေကိုလည်း စတင် ပြုလုပ်တော့မှာပါ။

ဒဏ်ငွေရိုက်တာ၊ ဈေးရောင်းချခွင့် ယာယီပိတ်တာမျိုးတွေ၊ ဈေးအတွင်းဝင်ခွင့်မပြုတာတွေ အဆင့်ဆင့်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက “ဒီကြားထဲမှာ လိုက်နာမှုမရှိဘူးဆိုရင်အဆင့်ဆင့် ဒဏ်ရိုက်တာတို့၊ ဒဏ်ရိုက်တာထက် ပိုထိရောက်တဲ့ ဈေးသည်ဟာ အထူးသဖြင့် ဒီကိစ္စဟာ ဈေးတွေမှာ အများဆုံးဖြစ်တတ်တယ်။

ဈေးသည်ဟာ ဈေးမရောင်းရဘူး၊ ဈေးရောင်းခွင့်တစ်ရက်ပိတ်တာတို့ဘာတို့ မနေ့ကလည်း ပြောပြီးပြီ။ ရက်ပိုင်း အကန့်အသတ်ထိအောင် ပိတ်တာတို့၊ အဲ့ထိအောင် အရေးယူသွားမယ်။ အဲ့ဒီအခါကျတော့ လိုက်နာမှာလား၊ အရေးယူခံမှာလားဆိုရင် တကယ်တမ်းလိုက်နာဖို့အတွက်ကို ကိုယ့်ရဲ့ ဘဝအတွက်ရော၊ အမြဲတမ်းအလုပ်အကိုင်အတွက်ပါ အဆင်ပြေအောင် ဒီလိုစီမံမှုမျိုး၊ ထိန်းကွပ်မှုမျိုးနဲ့ လုပ်သွားမှာပါ။” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိစဉ်ကတည်းက နေပြည်တော်က ဈေးတွေမှာ mask တပ်ဖို့အတွက် အသိပညာပေးမှုတွေနဲ့ mask ဝေငှမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လိုက်နာမှု အားနည်း လာခဲ့တာပါ။

ဈေးသည်တွေထဲမှာလည်း စည်းကမ်းလိုက်နာမှုအားနည်းသူတွေရှိသလို အခုလို mask တွေ ဝေငှပြီး စည်းကမ်းသတ်မှတ်မယ့်အပေါ် ကြိုဆိုသူတွေလည်း ရှိနေပါတယ်။

သပြေကုန်းညဈေးမှာ ဆိတ်သားရောင်းတဲ့ ကိုလတ်က “စတပ်ခါစကတော့ အသက်ရှူ ကျပ်တာတို့၊ တပ်နေကျ မဟုတ်တော့ပေါ့နော့။ နောက်တဖြည်းဖြည်းကျင့်သားရသွားရင်တော့ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ ဒါအန္တရာယ်လည်းကင်းတာပေါ့နော်။ ဒီလိုမျိုးတပ်ဆင်တာတော့ အားလုံးအတွက်ကောင်းပါတယ်။ ကျန်းမာရေး အတွက်လည်း အထောက်အကူပြုတာပေါ့နော်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာ ၁၈၁ ဦးရှိရာမှာ နေပြည်တော်နယ်မြေမှာ ၂ ယောက် တွေ့ရှိခဲ့ပြီး အစောပိုင်းတွေ့ရှိခဲ့သူကတော့ ရောဂါကင်းစင် negative ၂ ခါပြတာကြောင့် လက်ရှိ တပ်မတော်သား တစ်ဦးသာ ကျန်ပါတော့တယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

————-

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းက ေဈးေတြမွာ mask တပ္ဆင္ျခင္းမရွိဘဲ အေရာင္းအဝယ္ျပဳလုပ္ေနတဲ့ ေဈးသည္ေတြကို ေဈးေရာင္းခ်ခြင့္ ယာယီပိတ္ဖို႔နဲ႔ mask မတပ္ထားတဲ့ ေဈးဝယ္ေတြကိုလည္း ေဈးအတြင္း ဝင္ခြင့္မျပဳဖို႔ စီစဥ္ေနတယ္လို႔ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးမင္းသူက ေျပာပါတယ္။

ေမလ ၁၂ ရက္ေန႔က ေဈးေတြကို စနစ္တက်စီမံေဆာင္႐ြက္တာနဲ႔ ပတ္သက္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ၿမိဳင္၊ ကေလာနဲ႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမက တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြး‌ေႏြးခဲ့ၾကရာမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေနျပည္ေတာ္က ေဈးေတြမွာ ေဈးေရာင္း၊ ေဈးဝယ္သူေတြ mask တပ္ဆင္မႈ အားနည္းတာနဲ႔ ပတ္သက္ၿပီး ထည့္သြင္းေျပာၾကားသြားခဲ့ပါတယ္။

ေမလ ၁၃ ရက္ေန႔မွာေတာ့ ေနျပည္ေတာ္ေကာင္စီက တာဝန္ရွိသူေတြက ေဈးေတြမွာ မ်က္ႏွာအကာ Face Shield ေတြနဲ႔ ႏွာေခါင္းစည္း mask ေတြကို လိုက္လံေဝငွ ေပးခဲ့ပါတယ္။

ဇမၺဴသီရိၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးျပည့္ၿဖိဳးၿငိမ္းက ” အဓိကကေတာ့ ေဈးသည္ေတြကို ဦးစားေပးၿပီးေဝတာပါဗ်။ အခုေလာေလာဆယ္မွာဆိုရင္ မနက္က ၿမိဳ႕မေဈးမွာ ၅၀၀ ေလာက္ ေဝခဲ့တယ္။ အခုဆိုရင္ ၇၀၀ ေလာက္ေဝတယ္။ ၿပီးေတာ့ က်န္တဲ့ေဈးေတြကိုလည္း လိုက္ေဝမွာပါ။ အဓိက ဦးစားေပးကေတာ့ ေဈးသည္ေတြေပါ့။ အၿမဲတမ္းေဈးေရာင္းရတဲ့သူေတြ အႏၲရာယ္ကင္းဖို႔ပါဗ် “လို႔ ေျပာပါတယ္။

Face Shield ေတြနဲ႔ mask ေတြကို အခုလို ေဈးေတြမွာ လိုက္လံေဝငွအၿပီးမွာေတာ့ အေရးယူမယ့္ အစီအစဥ္ေတြကိုလည္း စတင္ ျပဳလုပ္ေတာ့မွာပါ။

ဒဏ္ေငြ႐ိုက္တာ၊ ေဈးေရာင္းခ်ခြင့္ ယာယီပိတ္တာမ်ိဳးေတြ၊ ေဈးအတြင္းဝင္ခြင့္မျပဳတာေတြ အဆင့္ဆင့္ေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးမင္းသူက “ဒီၾကားထဲမွာ လိုက္နာမႈမရွိဘူးဆိုရင္အဆင့္ဆင့္ ဒဏ္႐ိုက္တာတို႔၊ ဒဏ္႐ိုက္တာထက္ ပိုထိေရာက္တဲ့ ေဈးသည္ဟာ အထူးသျဖင့္ ဒီကိစၥဟာ ေဈးေတြမွာ အမ်ားဆုံးျဖစ္တတ္တယ္။

ေဈးသည္ဟာ ေဈးမေရာင္းရဘူး၊ ေဈးေရာင္းခြင့္တစ္ရက္ပိတ္တာတို႔ဘာတို႔ မေန႔ကလည္း ေျပာၿပီးၿပီ။ ရက္ပိုင္း အကန႔္အသတ္ထိေအာင္ ပိတ္တာတို႔၊ အဲ့ထိေအာင္ အေရးယူသြားမယ္။ အဲ့ဒီအခါက်ေတာ့ လိုက္နာမွာလား၊ အေရးယူခံမွာလားဆိုရင္ တကယ္တမ္းလိုက္နာဖို႔အတြက္ကို ကိုယ့္ရဲ႕ ဘဝအတြက္ေရာ၊ အၿမဲတမ္းအလုပ္အကိုင္အတြက္ပါ အဆင္ေျပေအာင္ ဒီလိုစီမံမႈမ်ိဳး၊ ထိန္းကြပ္မႈမ်ိဳးနဲ႔ လုပ္သြားမွာပါ။” လို႔ ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုး ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိစဥ္ကတည္းက ေနျပည္ေတာ္က ေဈးေတြမွာ mask တပ္ဖို႔အတြက္ အသိပညာေပးမႈေတြနဲ႔ mask ေဝငွမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ လိုက္နာမႈ အားနည္း လာခဲ့တာပါ။

ေဈးသည္ေတြထဲမွာလည္း စည္းကမ္းလိုက္နာမႈအားနည္းသူေတြရွိသလို အခုလို mask ေတြ ေဝငွၿပီး စည္းကမ္းသတ္မွတ္မယ့္အေပၚ ႀကိဳဆိုသူေတြလည္း ရွိေနပါတယ္။

သေျပကုန္းညေဈးမွာ ဆိတ္သားေရာင္းတဲ့ ကိုလတ္က “စတပ္ခါစကေတာ့ အသက္ရႉ က်ပ္တာတို႔၊ တပ္ေနက် မဟုတ္ေတာ့ေပါ့ေနာ့။ ေနာက္တျဖည္းျဖည္းက်င့္သားရသြားရင္ေတာ့ သူ႔ဟာနဲ႔သူ အဆင္ေျပသြားမွာပါ။ ဒါအႏၲရာယ္လည္းကင္းတာေပါ့ေနာ္။ ဒီလိုမ်ိဳးတပ္ဆင္တာေတာ့ အားလုံးအတြက္ေကာင္းပါတယ္။ က်န္းမာေရး အတြက္လည္း အေထာက္အကူျပဳတာေပါ့ေနာ္။” လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူလူနာ ၁၈၁ ဦးရွိရာမွာ ေနျပည္ေတာ္နယ္ေျမမွာ ၂ ေယာက္ ေတြ႕ရွိခဲ့ၿပီး အေစာပိုင္းေတြ႕ရွိခဲ့သူကေတာ့ ေရာဂါကင္းစင္ negative ၂ ခါျပတာေၾကာင့္ လက္ရွိ တပ္မေတာ္သား တစ္ဦးသာ က်န္ပါေတာ့တယ္။

ၿဖိဳးသက္ပိုင္ျမင့္(ေနျပည္ေတာ္)

LEAVE A REPLY

Please enter your comment!
Please enter your name here