မိုင္းခြဲတိုက္ခိုက္ခံရၿပီးနယ္ျခားေစာင့္ရဲမ်ားႏွင့္အတူ ေသဆုံးသြားသည့္ကုန္ကားေမာင္းသူကို သၿဂႋဳဟ္

0
79

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေအေအအဖြဲ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ နယ္ျခားေစာင့္ရဲ တပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔အတူ ေသဆုံးသြားတဲ့ ကုန္တင္ကားေမာင္းသူကို ဇြန္လ ၂၃ ရက္ ေန႔လယ္ပိုင္းက ေမာင္ေတာ သုသာန္မွာ မီးသၿဂႋဳဟ္ခဲ့ပါတယ္။

ေသဆုံးသြားတဲ့ ကုန္တင္ကားေမာင္းသမားဟာ စစ္ေတြၿမိဳ႕နယ္၊ ပ်ားလည္ေခ်ာင္းေက်း႐ြာက ဦးေစာမ်ိဳးေအာင္ ျဖစ္ၿပီး သူ႔ရဲ႕ ႐ုပ္အေလာင္းကို နယ္ျခားေစာင့္တပ္ဖြဲ႕က တာဝန္ယူၿပီး ေမာင္ေတာသုသာန္မွာ မီးသၿဂႋဳဟ္ခဲ့တာလို႔ ေမာင္ေတာၿမိဳ႕က႐ုဏာကြန္ယက္ဥကၠ႒ ကိုခ်စ္ထူးခိုင္ကေျပာပါတယ္။

“အေလာင္းကို မေန႔က မြန္းတည့္ ၁၂ နာရီမွာ ေမာင္ေတာေဆး႐ုံကို သယ္လာၿပီး မိသားစုေတြကို ေစာင့္ပါတယ္။ မိသားစုေတြ တစ္ေယာက္မွ ေရာက္မလာၾကေတာ့ ေန႔လယ္ ၂ နာရီေက်ာ္မွ မီးသၿဂႋဳဟ္လိုက္ပါတယ္။ ကုန္က်စရိတ္ကိုေတာ့ နခခ(၅)က တာဝန္ယူေပးပါတယ္။”

ေသဆုံးသြားတဲ့ယာဥ္ေမာင္း ဦးေစာမ်ိဳးေအာင္ရဲ႕ ဇနီးျဖစ္သူ မဇင္မာေအးဟာ ေလးဘက္နာေရာဂါ ျဖစ္ေနတဲ့အတြက္ ခင္ပြန္းျဖစ္သူကို မွီခိုေန ရသူျဖစ္ၿပီး အသက္ ၅ ႏွစ္အ႐ြယ္ သမီးေလးတစ္ဦးလည္း က်န္ရစ္ခဲ့ပါတယ္။

အခုလို တိုက္ခိုက္ခံရၿပီး ေသဆုံးရတာဟာ ကုန္ကားေပၚမွာ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ေတြ လိုက္ပါလာလို႔ျဖစ္ၿပီး ေသဆုံးမႈအတြက္ နယ္ျခားေစာင့္တပ္ဖြဲ႕ တာဝန္ရွိသူေတြက မိသားစုကို နစ္နာေၾကးေပးတာမရွိဘူးလို႔ ေသဆုံးသူရဲ႕ဇနီးျဖစ္သူ မဇင္မာေအးက ဒီဗြီဘီကို ေျပာပါတယ္။

“ကုန္ကားမွာ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ေတြ တက္လိုက္ပါလာတာေၾကာင့္ မိုင္းခြဲခံရၿပီး က်မ ေယာက္်ားလည္း ေသဆုံးခဲ့ရတယ္။ ယေန႔အထိ ဘာနစ္နာေၾကးမွ မရရွိေသးဘူး။ မေန႔က ကိုးတန္ေကာက္ကို လိုက္သြားတယ္။ က်မေယာက္်ားက ႐ုပ္ပ်က္႐ုံသာမက ကိုယ္အဂၤါေတြ တစ္ပိုင္းစီျဖစ္ေနတယ္။

ဒါေၾကာင့္ နယ္ျခားေစာင့္က တာဝန္ရွိသူေတြက လက္မွတ္ထိုးခိုင္းလို႔ ထိုးလိုက္ၿပီး သူတို႔ကိုပဲ သၿဂႋဳဟ္ဖို႔ အပ္ႏွံခဲ့ပါတယ္။ ေမာင္ေတာအထိလိုက္ၿပီး သၿဂႋဳဟ္ မေပးႏိုင္ခဲ့ပါဘူး။ က်မတို႔က တစ္ေန႔လုပ္မွ တစ္ေန႔ စားေသာက္ေနရေတာ့ ကုန္က်စရိတ္ မတတ္ႏိုင္ပါဘူး။”

ကုန္တင္ကားဟာ ဇြန္လ ၂၂ ရက္ ေန႔လယ္ပိုင္းက ဘူးသီးေတာင္ၿမိဳ႕မွ ဆန္အိတ္ ၃၅၀ တင္ၿပီး စစ္ေတြကို သြားဖို႔ အငူေမာ္ကို ထြက္ခြာလာစဥ္ အင္းဒင္နယ္ေျမစခန္းမွ နယ္ျခားေစာင့္ရဲ႕တပ္ဖြဲ႕က အရာရွိနဲ႔ တပ္သားတခ်ိဳ႕ကားက ကားေခါင္းခန္းမွာ တက္လိုက္ပါလာခဲ့တာပါ။

ညေန ၄ နာရီခြဲေလာက္က ကိုးတန္ေကာက္ေက်း႐ြာ ဆားငံေခ်ာင္း တံတားအနီးအေရာက္မွာ မိုင္းခြဲခံရၿပီး ကားေခါင္းခန္းမွာ လိုက္ပါလာတဲ့ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔ ကားဒ႐ိုင္ဘာ ဦးေစာမ်ိဳးေအာင္တို႔ ေသဆုံးခဲ့ရပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ကိုးတန္ေကာက္ေက်း႐ြာအနီးမွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ေတြလိုက္ပါလာတဲ့ ကားကို ေအေအ အဖြဲ႕က ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္သုံးဦးနဲ႔ အရပ္သား ၁ ဦးေသဆုံးခဲ့ၿပီး နယ္ျခားေစာင့္ရဲ ၄ ဦးနဲ႔ အရပ္သား ၁ ဦး ဒဏ္ရာရတယ္လို႔ သတင္း ထုတ္ျပန္ထားပါတယ္။

ဒဏ္ရာရရွိခဲ့တဲ့ ယာဥ္ေနာက္လိုက္ ကိုမ်ိဳးႀကီးကေတာ့ စစ္ေတြေဆး႐ုံမွာ တက္ေရာက္ ေဆးကုသမႈ ခံယူေနရပါတယ္။ဇြန္လ ၂၂ ရက္ ညေန ၅ နာရီ ေက်ာ္ေလာက္မွာ ျမန္မာ့တပ္မေတာ္ရဲ႕ ဘူးသီးေတာင္အေျခစိုက္၊ ခလရ(၂၃၃) တပ္ရင္းနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ပူးေပါင္းစစ္ေၾကာင္းနဲ႔ ရကၡိဳင့္တပ္ေတာ္တို႔ အငူေမာ္-ေမာင္ေတာ ကားလမ္းမအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေအေအဘက္က သတင္းထုတ္ျပန္ထားပါတယ္။

လင္းလက္

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ သေဆုံးသွားတဲ့ ကုန်တင်ကားမောင်းသူကို ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက မောင်တော သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကုန်တင်ကားမောင်းသမားဟာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာက ဦးစောမျိုးအောင် ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို နယ်ခြားစောင့်တပ်ဖွဲ့က တာဝန်ယူပြီး မောင်တောသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တာလို့ မောင်တောမြို့ကရုဏာကွန်ယက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်ကပြောပါတယ်။

“အလောင်းကို မနေ့က မွန်းတည့် ၁၂ နာရီမှာ မောင်တောဆေးရုံကို သယ်လာပြီး မိသားစုတွေကို စောင့်ပါတယ်။ မိသားစုတွေ တစ်ယောက်မှ ရောက်မလာကြတော့ နေ့လယ် ၂ နာရီကျော်မှ မီးသင်္ဂြိုဟ်လိုက်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ နခခ(၅)က တာဝန်ယူပေးပါတယ်။”

သေဆုံးသွားတဲ့ယာဉ်မောင်း ဦးစောမျိုးအောင်ရဲ့ ဇနီးဖြစ်သူ မဇင်မာအေးဟာ လေးဘက်နာရောဂါ ဖြစ်နေတဲ့အတွက် ခင်ပွန်းဖြစ်သူကို မှီခိုနေ ရသူဖြစ်ပြီး အသက် ၅ နှစ်အရွယ် သမီးလေးတစ်ဦးလည်း ကျန်ရစ်ခဲ့ပါတယ်။

အခုလို တိုက်ခိုက်ခံရပြီး သေဆုံးရတာဟာ ကုန်ကားပေါ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာလို့ဖြစ်ပြီး သေဆုံးမှုအတွက် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက မိသားစုကို နစ်နာကြေးပေးတာမရှိဘူးလို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မဇင်မာအေးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်ကားမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တက်လိုက်ပါလာတာကြောင့် မိုင်းခွဲခံရပြီး ကျမ ယောက်ျားလည်း သေဆုံးခဲ့ရတယ်။ ယနေ့အထိ ဘာနစ်နာကြေးမှ မရရှိသေးဘူး။ မနေ့က ကိုးတန်ကောက်ကို လိုက်သွားတယ်။ ကျမယောက်ျားက ရုပ်ပျက်ရုံသာမက ကိုယ်အင်္ဂါတွေ တစ်ပိုင်းစီဖြစ်နေတယ်။

ဒါကြောင့် နယ်ခြားစောင့်က တာဝန်ရှိသူတွေက လက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ပြီး သူတို့ကိုပဲ သင်္ဂြိုဟ်ဖို့ အပ်နှံခဲ့ပါတယ်။ မောင်တောအထိလိုက်ပြီး သင်္ဂြိုဟ် မပေးနိုင်ခဲ့ပါဘူး။ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့ စားသောက်နေရတော့ ကုန်ကျစရိတ် မတတ်နိုင်ပါဘူး။”

ကုန်တင်ကားဟာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ဆန်အိတ် ၃၅၀ တင်ပြီး စစ်တွေကို သွားဖို့ အငူမော်ကို ထွက်ခွာလာစဉ် အင်းဒင်နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့က အရာရှိနဲ့ တပ်သားတချို့ကားက ကားခေါင်းခန်းမှာ တက်လိုက်ပါလာခဲ့တာပါ။

ညနေ ၄ နာရီခွဲလောက်က ကိုးတန်ကောက်ကျေးရွာ ဆားငံချောင်း တံတားအနီးအရောက်မှာ မိုင်းခွဲခံရပြီး ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင်တို့ သေဆုံးခဲ့ရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို အေအေ အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး နယ်ခြားစောင့်ရဲ ၄ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်နောက်လိုက် ကိုမျိုးကြီးကတော့ စစ်တွေဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ကျော်လောက်မှာ မြန်မာ့တပ်မတော်ရဲ့ ဘူးသီးတောင်အခြေစိုက်၊ ခလရ(၂၃၃) တပ်ရင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်တို့ အငူမော်-မောင်တော ကားလမ်းမအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လင်းလက်  DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here