ကင္ဂ်ဳံအန္ဟာ ကုိဗစ္ေၾကာင့္ေသဆုံးခဲ့ဟန္ရွိေၾကာင္း သတင္းထြက္ေပၚ

0
107

ၿဗိတိန္အေျခစိုက္ နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ The Sun သတင္းစာမွာေတာ့ ေျမာက္ကိုရီးယား အာဏာရွင္ ကင္ဂ်ဳံအန္ဟာ ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့ဟန္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ အဓိကအားျဖင့္ေတာ့ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး တာ႐ိုကိုႏိုရဲ႕စကားကို ကိုးကားၿပီး ေကာက္ခ်က္ခ်တဲ့ သေဘာပါ။ ေျမာက္ကိုရီးယားအေနနဲ႔ သူတို႔ဆီမွာ ကိုဗစ္ကူးစက္သူ တစ္ေယာက္သာ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ေျမာက္ကိုရီးယားရဲ႕ထုတ္ျပန္မႈဟာ လူရယ္စရာျဖစ္ခဲ့ၿပီး၊ ေျမာက္ကိုရီးယားအေနနဲ႔ ကပ္ေရာဂါရဲ႕ပထမအဆင့္ ကာလအတြင္းမွာေတာင္ တ႐ုတ္နဲ႔ ကူးခ်ည္သန္းခ်ည္လုပ္ေနတဲ့ ကုန္တင္ကားေတြ၊ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို တားျမစ္ ပိတ္ပင္ျခင္း မရွိခဲ့ပါဘူး။ ေတာင္ကိုရီးယားအေျခစိုက္ NK Daily မွာ သူတို႔ သတင္းေဖာ္ျပစဥ္က လူ(၂၀၀)ေက်ာ္ တစ္ေန႔တည္း ေသဆုံးခဲ့တယ္လို႔ ဆိုထားပါတယ္။

ကင္ဂ်ဳံအန္ဟာ ဧၿပီလ(၁၁)ရက္ကတည္းက လူျမင္ကြင္းကေန ေပ်ာက္ကြယ္ခဲ့တာပါ။ ယင္းေနာက္ ဧၿပီ(၁၅)ေန႔ ေန႔ထူးေန႔ျမတ္ျဖစ္တဲ့ သူရဲ႕အဖိုး ကင္အီေဆာင္ရဲ႕ ေမြးေန႔ စစ္ေရးျပအခမ္းအနားကိုေတာင္ မတက္ႏိုင္ေတာ့ဘဲ၊ ရက္သတၱႏွစ္ပတ္ၾကာ ေပ်ာက္ကြယ္ေနၿပီးေနာက္၊ ေမလ(၁)ရက္ေန႔ ေမေဒးအထိန္းအမွတ္ ဓာတ္ေျမၾသဇာ စက္႐ုံဖြင့္ပြဲကို တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါတယ္။

ဇြန္လ (၇)ရက္ေန႔မွာေတာ့ ပါတီဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးကို တက္ေရာက္မိန႔္ခြန္းေျပာတဲ့ဓာတ္ပုံေတြ ေပၚထြက္လာပါေသးတယ္။ အဲဒီေန႔ကေန အခုအခ်ိန္ထိ ကင္ဟာ ေျမာက္ကိုရီးယား ႐ုပ္သံျမင္ကြင္းထက္မွာ ထူးထူးဆန္းဆန္း ျပန္လည္ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒီအတြက္ ဂ်ပန္အစိုးရဘက္က အေတာ္ေလးကို သံသယဝင္စရာေကာင္းတဲ့ ထူးဆန္းတဲ့ အျဖစ္အပ်က္လို႔ မွတ္ခ်က္ေပးခဲ့တာပါ။

ဇြန္လ (၂၅)ရက္ ညေနပိုင္းက ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး တာ႐ိုကိုႏိုက ကင္ဂ်ဳံအန္ေသဆုံးၿပီလို႔ တိုက္႐ိုက္မေျပာေပမယ့္၊ ဆိုး႐ြားတဲ့ က်န္းမာေရးအေျခအေန ရင္ဆိုင္ေနရဟန္ရွိတယ္လို႔ မိမိတို႔ သံသယဝင္မိေၾကာင္း၊ ကိုဗစ္ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း အရိပ္အႁမြက္ ေျပာခဲ့ပါတယ္။ သူရဲ႕စကားေၾကာင့္ ကင္ဟာ ကိုဗစ္ေၾကာင့္ ေသဆုံးၿပီလို႔ ယတိျပတ္ ေကာက္ခ်က္ခ်သူေတြ ရွိခဲ့ပါတယ္။

တာ႐ိုကိုႏိုရဲ႕အဆိုအရ ဂ်ပန္နဲ႔ အေမရိကန္တို႔ဟာ သတင္းအခ်က္အလက္ လဲလွယ္ျခင္းေတြရွိၿပီး၊ သူ႔အေနနဲ႔ေတာ့ စုံစမ္းေထာက္လွမ္းေရးက ရရွိတဲ့သတင္းအခ်က္အလက္ေတြကို အျပည့္အဝ ေျပာခြင့္မသာဘူးလို႔ ဆိုပါတယ္။ ကင္ဟာ (၂၀၁၄)ခုႏွစ္တုန္းကလည္း ရက္ေပါင္း(၄၀)ၾကာ အမ်ားျပည္သူ ျမင္ကြင္းမွ ေပ်ာက္ကြယ္ခဲ့ဖူးၿပီး၊ ထိုစဥ္က ဒူးေခါင္း ခြဲစိတ္မႈခံယူခဲ့တာလို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ဘာသာျပန္-လင္းသုတ

Ref ; The Sun

ဗြိတိန်အခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Sun သတင်းစာမှာတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့် သေဆုံးခဲ့ဟန်ရှိကြောင်း ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုရဲ့စကားကို ကိုးကားပြီး ကောက်ချက်ချတဲ့ သဘောပါ။ မြောက်ကိုရီးယားအနေနဲ့ သူတို့ဆီမှာ ကိုဗစ်ကူးစက်သူ တစ်ယောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ထုတ်ပြန်မှုဟာ လူရယ်စရာဖြစ်ခဲ့ပြီး၊ မြောက်ကိုရီးယားအနေနဲ့ ကပ်ရောဂါရဲ့ပထမအဆင့် ကာလအတွင်းမှာတောင် တရုတ်နဲ့ ကူးချည်သန်းချည်လုပ်နေတဲ့ ကုန်တင်ကားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို တားမြစ် ပိတ်ပင်ခြင်း မရှိခဲ့ပါဘူး။ တောင်ကိုရီးယားအခြေစိုက် NK Daily မှာ သူတို့ သတင်းဖော်ပြစဉ်က လူ(၂၀၀)ကျော် တစ်နေ့တည်း သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ကင်ဂျုံအန်ဟာ ဧပြီလ(၁၁)ရက်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာပါ။ ယင်းနောက် ဧပြီ(၁၅)နေ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သူရဲ့အဖိုး ကင်အီဆောင်ရဲ့ မွေးနေ့ စစ်ရေးပြအခမ်းအနားကိုတောင် မတက်နိုင်တော့ဘဲ၊ ရက်သတ္တနှစ်ပတ်ကြာ ပျောက်ကွယ်နေပြီးနောက်၊ မေလ(၁)ရက်နေ့ မေဒေးအထိန်းအမှတ် ဓာတ်မြေသြဇာ စက်ရုံဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဇွန်လ (၇)ရက်နေ့မှာတော့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို တက်ရောက်မိန့်ခွန်းပြောတဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒီနေ့ကနေ အခုအချိန်ထိ ကင်ဟာ မြောက်ကိုရီးယား ရုပ်သံမြင်ကွင်းထက်မှာ ထူးထူးဆန်းဆန်း ပြန်လည်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအတွက် ဂျပန်အစိုးရဘက်က အတော်လေးကို သံသယဝင်စရာကောင်းတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်လို့ မှတ်ချက်ပေးခဲ့တာပါ။

ဇွန်လ (၂၅)ရက် ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ကင်ဂျုံအန်သေဆုံးပြီလို့ တိုက်ရိုက်မပြောပေမယ့်၊ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေ ရင်ဆိုင်နေရဟန်ရှိတယ်လို့ မိမိတို့ သံသယဝင်မိကြောင်း၊ ကိုဗစ်ကြောင့် ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ သူရဲ့စကားကြောင့် ကင်ဟာ ကိုဗစ်ကြောင့် သေဆုံးပြီလို့ ယတိပြတ် ကောက်ချက်ချသူတွေ ရှိခဲ့ပါတယ်။

တာရိုကိုနိုရဲ့အဆိုအရ ဂျပန်နဲ့ အမေရိကန်တို့ဟာ သတင်းအချက်အလက် လဲလှယ်ခြင်းတွေရှိပြီး၊ သူ့အနေနဲ့တော့ စုံစမ်းထောက်လှမ်းရေးက ရရှိတဲ့သတင်းအချက်အလက်တွေကို အပြည့်အဝ ပြောခွင့်မသာဘူးလို့ ဆိုပါတယ်။ ကင်ဟာ (၂၀၁၄)ခုနှစ်တုန်းကလည်း ရက်ပေါင်း(၄၀)ကြာ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ဖူးပြီး၊ ထိုစဉ်က ဒူးခေါင်း ခွဲစိတ်မှုခံယူခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘာသာပြန်-လင်းသုတ

Ref ; The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here