အုပ္စုဖြဲ႕အဓမၼက်င့္စဥ္၊ အားရွိသေလာက္ ျပန္လည္တိုက္ခိုက္တဲ့ ကေလးမေလးရဲ႕ ကံၾကမၼာ

0
147

အသက္(၁၄)ႏွစ္သာရွိေသးတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမကို လူႏွစ္ေယာက္က အုပ္စုဖြဲ႕အဓမၼက်င့္စဥ္မွာ အားရွိသေလာက္ ျပန္လည္တုိက္ခိုက္ခဲ့တာေၾကာင့္၊ အဓမၼသမားေတြက သူမကို အရွင္လတ္လတ္ မီး႐ႈိ႕ခဲ့ေၾကာင္း သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ အလြန္ရက္စက္တဲ့ အဓမၼမႈေတြအျဖစ္မ်ားတဲ့ အိႏၵိယမွာပဲ မလြဲမေသြ ျဖစ္ခဲ့တာမုိ႔ အာဏာပိုင္ေတြအေနနဲ႔ ဆယ္စုႏွစ္တစ္စုနီးပါး ကေလးသူငယ္ မုဒိမ္မႈပေပ်ာက္ေရး ေဆာင္ရြက္ခဲ့တဲ့ကိစၥဟာ မေအာင္မျမင္ အေၾကာင္းမထူးပဲ၊ Data ေတြအရ ပုိဆုိးလာခဲ့တယ္လုိ႔ေတာင္ ဆုိၾကပါတယ္။

ဒီေကာင္မေလးကေတာ့ ခႏၶာကိုယ္ရဲ႕ (၈၀)%အထိ မီးေလာင္ကၽြမ္းခံရၿပီး၊ ေဆး႐ုံမွာ ေသဆုံးခဲ့ရပါတယ္။ သူမဟာ အခင္းျဖစ္တဲ့ေန႔ ဇြန္လ(၂၂)ရက္ေန႔က ေနအိမ္နဲ႔ ေပ(၆၅၀)အေဝးမွာ ဆိတ္ေက်ာင္းေနစဥ္ လူႏွစ္ေယာက္ေရာက္လာၿပီး၊ သူမကို ဗလကၠာယ ျပဳခဲ့တာပါ။

Bemetara Superintendent of Police အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိ Divyang Patel က ကေလးမေလးကို တစ္ေယာက္ကခ်ဳပ္ၿပီး၊ တစ္ေယာက္က ဝင္လုံးစဥ္မွာ ကေလးမေလးက ကုိက္ျခင္း၊ ေျခေထာက္နဲ႔ကန္ျခင္း၊ ေအာ္ဟစ္အကူအညီေတာင္းျခင္းေတြ ျပဳလုပ္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ မုဒိမ္းသမားႏွစ္ဦးဟာ စိတ္ကူးေျပာင္းသြားၿပီး၊ ကေလးမေလးကို ရက္ရက္စက္စက္ ထုိးႀကိတ္ကန္ေက်ာက္ၿပီး ေရနံဆီနဲ႔ေလာင္းကာ အရွင္လတ္လတ္ မီး႐ႈိ႕သတ္ခဲ့ပါတယ္။ ကေလးမေလးဟာ ဇြန္လ (၂၅)ရက္မွာ ရရွိထားတဲ့ဒဏ္ရာေတြေၾကာင့္ ေသဆုံးသြားပါတယ္။

ကေလးမေလးဟာ အလယ္တန္းေက်ာင္းသူတစ္ေယာက္ ျဖစ္ၿပီး၊ အဓမၼသမားႏွစ္ဦးကေတာ့ တစ္ဦးမွာ အသက္(၁၄)ႏွစ္သာ ရွိေသးၿပီး၊ တစ္ဦးကေတာ့ အသက္(၂၂)ႏွစ္ ျဖစ္ပါတယ္။ အဲဒီလူရဲ႕အမည္ကေတာ့ Sharad Jaiswal လုိ႔ သိရပါတယ္။ ေလာေလာဆယ္ ႏွစ္ဦးစလုံး ထြက္ေျပးတိမ္းေရွာင္ေနပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)

အသက်(၁၄)နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမကို လူနှစ်ယောက်က အုပ်စုဖွဲ့အဓမ္မကျင့်စဉ်မှာ အားရှိသလောက် ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်၊ အဓမ္မသမားတွေက သူမကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ အလွန်ရက်စက်တဲ့ အဓမ္မမှုတွေအဖြစ်များတဲ့ အိန္ဒိယမှာပဲ မလွဲမသွေ ဖြစ်ခဲ့တာမို့ အာဏာပိုင်တွေအနေနဲ့ ဆယ်စုနှစ်တစ်စုနီးပါး ကလေးသူငယ် မုဒိမ်မှုပပျောက်ရေး ဆောင်ရွက်ခဲ့တဲ့ကိစ္စဟာ မအောင်မမြင် အကြောင်းမထူးပဲ၊ Data တွေအရ ပိုဆိုးလာခဲ့တယ်လို့တောင် ဆိုကြပါတယ်။

ဒီကောင်မလေးကတော့ ခန္ဓာကိုယ်ရဲ့ (၈၀)%အထိ မီးလောင်ကျွမ်းခံရပြီး၊ ဆေးရုံမှာ သေဆုံးခဲ့ရပါတယ်။ သူမဟာ အခင်းဖြစ်တဲ့နေ့ ဇွန်လ(၂၂)ရက်နေ့က နေအိမ်နဲ့ ပေ(၆၅၀)အဝေးမှာ ဆိတ်ကျောင်းနေစဉ် လူနှစ်ယောက်ရောက်လာပြီး၊ သူမကို ဗလက္ကာယ ပြုခဲ့တာပါ။

Bemetara Superintendent of Police အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ Divyang Patel က ကလေးမလေးကို တစ်ယောက်ကချုပ်ပြီး၊ တစ်ယောက်က ဝင်လုံးစဉ်မှာ ကလေးမလေးက ကိုက်ခြင်း၊ ခြေထောက်နဲ့ကန်ခြင်း၊ အော်ဟစ်အကူအညီတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးတော့ မုဒိမ်းသမားနှစ်ဦးဟာ စိတ်ကူးပြောင်းသွားပြီး၊ ကလေးမလေးကို ရက်ရက်စက်စက် ထိုးကြိတ်ကန်ကျောက်ပြီး ရေနံဆီနဲ့လောင်းကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပါတယ်။ ကလေးမလေးဟာ ဇွန်လ (၂၅)ရက်မှာ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။

ကလေးမလေးဟာ အလယ်တန်းကျောင်းသူတစ်ယောက် ဖြစ်ပြီး၊ အဓမ္မသမားနှစ်ဦးကတော့ တစ်ဦးမှာ အသက်(၁၄)နှစ်သာ ရှိသေးပြီး၊ တစ်ဦးကတော့ အသက်(၂၂)နှစ် ဖြစ်ပါတယ်။ အဲဒီလူရဲ့အမည်ကတော့ Sharad Jaiswal လို့ သိရပါတယ်။ လောလောဆယ် နှစ်ဦးစလုံး ထွက်ပြေးတိမ်းရှောင်နေပါတယ်။

လင်းဇော်ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here