EU သံတမန်များအနေနဲ့ (၇၂)နာရီအတွင်း နိုင်ငံကနေထွက်ခွာဖို့ ဗင်နီဇွဲလားသမ္မတ အမိန့်ထုတ်ပြီ

0
82

ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာရူဒိုက ပြီးခဲ့တဲ့တနင်္လာနေ့က EU သံတမန်များကို နိုင်ငံတွင်းကနေ နှင်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ သမ္မတမာရူဒိုရဲ့ ကြေညာချက်မှာ Caracas နဲ့ Isabel Brilhante Pedrosa မှာရှိနေတဲ့ EU သံတမန်တွေကို နိုင်ငံတွင်းကနေ (၇၂)နာရီအတွင်း ထွက်သွားဖို့ အမိန့်ပေးခဲ့တာပါ။

EU ဟာ မကြာသေးခင်ကမှ ဗင်နီဇွဲလား ထိပ်သီးပုဂ္ဂိုလ်(၁၁)ဦးကို ဆန်ရှင်ပိတ်ဆို့မှုစာရင်း ထပ်မံသွင်းခဲ့တာကြောင့် သမ္မတမာရူဒိုက EU သံတမန်တွေကို နိုင်ငံတွင်းမှာ ဆက်ထားနေရင်လည်း အကျိုးမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် အားလုံးကို နှင်ထုတ်တဲ့အမိန့် ထုတ်ပြန်ခဲ့တာပါ။

ဗင်နီဇွဲလားနဲ့ EU တို့ဟာ (၂၀၁၇)ခုနှစ်ကတည်းက မပြေမလည် ဖြစ်ခဲ့တာပါ။ ဗင်နီဇွဲလားဟာ ဆန်ရှင်ပိတ်ဆို့ခံရတဲ့ ပထမဆုံး လက်တင်အမေရိကနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ပိတ်ဆို့မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန်ရှင်တစ်ခုကတော့ လက်နတ်ရောင်းဝယ်ခွင့် ပိတ်ဆို့ခြင်းဖြစ်ပါတယ်။

ဗင်နီဇွဲလားဟာ ပြည်တွင်းမငြိမ်သတ်မှုတွေများစွာနဲ့အတူ ပြည်သူတွေ အလွန်ရုန်းကန်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ အနောက်အုပ်စုအပြင် အမေရိကန်နဲ့ အဆင်မပြေပေမယ့် တရုတ်၊ ရုရှားတို့နဲ့ ပြေလည်ပါတယ်။ နိုင်ငံအတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ အာဏာပြအနိုင်ကျင့်မှုတွေကို ဆန့်ကျင်ဘက်အတိုက်အခံတွေက ခံနေရပါတယ်။

အခု ဆန်ရှင်ပိတ်ဆို့ခံရသူတွေဟာ သမ္မတမာရူရိုနဲ့ နီးစပ်သူတွေဖြစ်ပြီး၊ အနောက်အုပ်စုကတော့ ဒီလူတွေဟာ နိုင်ငံအတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်စားမှုတွေ၊ ဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေကို ဖန်တီးနေသူတွေလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ဗင္နီဇြဲလားသမၼတ နီကုိးလက္စ္မာ႐ူဒုိက ၿပီးခဲ့တဲ့တနလၤာေန႔က EU သံတမန္မ်ားကို ႏုိင္ငံတြင္းကေန ႏွင္ထုတ္လုိက္ၿပီ ျဖစ္ပါတယ္။ သမၼတမာ႐ူဒုိရဲ႕ ေၾကညာခ်က္မွာ Caracas နဲ႔ Isabel Brilhante Pedrosa မွာရွိေနတဲ့ EU သံတမန္ေတြကို ႏုိင္ငံတြင္းကေန (၇၂)နာရီအတြင္း ထြက္သြားဖုိ႔ အမိန္႔ေပးခဲ့တာပါ။

EU ဟာ မၾကာေသးခင္ကမွ ဗင္နီဇြဲလား ထိပ္သီးပုဂၢိဳလ္(၁၁)ဦးကို ဆန္ရွင္ပိတ္ဆုိ႔မႈစာရင္း ထပ္မံသြင္းခဲ့တာေၾကာင့္ သမၼတမာ႐ူဒုိက EU သံတမန္ေတြကို ႏုိင္ငံတြင္းမွာ ဆက္ထားေနရင္လည္း အက်ိဳးမရွိဘူးလုိ႔ ဆုိခဲ့ပါတယ္။ ဒါေၾကာင့္ အားလုံးကို ႏွင္ထုတ္တဲ့အမိန္႔ ထုတ္ျပန္ခဲ့တာပါ။

ဗင္နီဇြဲလားနဲ႔ EU တုိ႔ဟာ (၂၀၁၇)ခုႏွစ္ကတည္းက မေျပမလည္ ျဖစ္ခဲ့တာပါ။ ဗင္နီဇြဲလားဟာ ဆန္ရွင္ပိတ္ဆုိ႔ခံရတဲ့ ပထမဆုံး လက္တင္အေမရိကႏုိင္ငံ ျဖစ္လာခဲ့ၿပီးေနာက္ ပိတ္ဆုိ႔မႈေတြ ဆက္တုိက္ျဖစ္ေပၚခဲ့ပါတယ္။ ဆန္ရွင္တစ္ခုကေတာ့ လက္နတ္ေရာင္းဝယ္ခြင့္ ပိတ္ဆုိ႔ျခင္းျဖစ္ပါတယ္။

ဗင္နီဇြဲလားဟာ ျပည္တြင္းမၿငိမ္သတ္မႈေတြမ်ားစြာနဲ႔အတူ ျပည္သူေတြ အလြန္႐ုန္းကန္ေနရတဲ့ ႏုိင္ငံျဖစ္ပါတယ္။ အေနာက္အုပ္စုအျပင္ အေမရိကန္နဲ႔ အဆင္မေျပေပမယ့္ တ႐ုတ္၊ ရုရွားတုိ႔နဲ႔ ေျပလည္ပါတယ္။ ႏုိင္ငံအတြင္းက အက်င့္ပ်က္ျခစားမႈေတြ၊ အာဏာျပအႏုိင္က်င့္မႈေတြကို ဆန္႔က်င္ဘက္အတုိက္အခံေတြက ခံေနရပါတယ္။

အခု ဆန္ရွင္ပိတ္ဆုိ႔ခံရသူေတြဟာ သမၼတမာ႐ူ႐ုိနဲ႔ နီးစပ္သူေတြျဖစ္ၿပီး၊ အေနာက္အုပ္စုကေတာ့ ဒီလူေတြဟာ ႏုိင္ငံအတြင္းက အက်င့္ပ်က္ျခစားမႈေတြ၊ လာဘ္စားမႈေတြ၊ ဆန္႔က်င္သူေတြကို တန္ျပန္တုိက္ခုိက္ဖုိ႔ မလုိလားအပ္တဲ့ အဓိက႐ုဏ္းေတြကို ဖန္တီးေနသူေတြလုိ႔ တံဆိပ္ကပ္ခဲ့ပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here