ပြည်သူပိုင်ငွေကို ဇနီးကို ထောက်ပံ့ဖို့အတွက် အသုံးပြုခဲ့တဲ့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ်စီရင်

0
57

ပြင်သစ်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် (၂၀၀၇)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ Francois Fillon ဟာ ပြည်သူပိုင်ငွေ အလွဲသုုံးစားလုပ်မှုအတွက် ထောင်ဒဏ်စီရင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ Fillon ဟာ အသက်(၆၆)နှစ် ရှိပြီ ဖြစ်ပါတယ်။

သူဟာ အများပြည်သူပိုင်ငွေ ပေါင်(၁)သန်းကို ဗြိတိန်လူမျိုး ဇနီးဖြစ်သူ Penelope Fillon ကို ပေးခဲ့တာပါ။ သူရဲ့အကြောင်းပြချက်ကတော့ Penelope ဟာ သူရဲ့တရားဝင် ပါလီမန်လက်ထောက်အဖြစ် (၁၅)နှစ်ကြာ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးသူများရဲ့ ကောက်ချက်မှာတော့ Penelope အနေနဲ့ ဒီအလုပ်ကို လုံးဝမလုပ်ခဲ့ရဘဲ ပိုက်ဆံ ရရှိခဲ့တာ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာပါ။ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုကတော့ Penelope ဟာ Paris National Assembly ကို တစ်ခေါက်မှ မရောက်ခဲ့ဖူးပါဘူး။

Fillon ဟာ နိုင်ငံရေးမှာ အလွန်သြဇာအာဏာ ကြီးခဲ့သူဖြစ်ပေမယ့်၊ ဒီငွေရေးကြေးရေး အလွဲသုံးစားလုပ်မှုကြောင့် သူဟာ (၂၀၁၇)ခုနှစ် သမ္မတဖြစ်ရေးမှာ အလွဲကြီးလွဲခဲ့ပါတော့တယ်။ သူဟာ လူတွေက အယုံအကြည် ကင်းမဲ့နေတဲ့ကြားမှာ အပုပ်အစပ်သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ သူကတော့ နိုင်ငံရေး လုပ်ကြံမှုလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

Fillon နဲ့ ဗြိတိန်သူ Penelope တို့ဟာ Le Mans မှာ ဆုံတွေ့ချစ်ကြိုက်ခဲ့ကြတာပါ။ ထိုစဉ်က Penelope ဟာ အင်္ဂလိပ်ဘာသာပြဆရာမတစ်ဦး ဖြစ်ခဲ့ပြီး၊ (၁၉၈၀)ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ ဒီငွေမသမာမှုကို ငြင်းပယ်ခဲ့ပေမယ့် Fillon ကတော့ ထောင်ဒဏ်(၅)နှစ်အနက် (၃)နှစ်ဆိုင်းငံ့ ချမှတ်ခံရပါတယ်။

ဒါ့အပြင် သူ့ကို တရားရုံးက ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၄၂၃၀၀၀)ချမှတ်ခဲ့ပြီး၊ ဆယ်နှစ်အတွင်း နိုင်ငံရေးလေုပ်ငန်းစဉ်များမှာ ရွေးကောက်ခံခွင့်မရှိစေရ အမိန့်ချမှတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ Penelope ကတော့ ဆိုင်းငံထောင်ဒဏ်(၃)နှစ်ကို အတည်ပြုထောင်ဒဏ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ ဒဏ်ကြေးအဖြစ် ယူရို (၃၇၅၀၀၀)အထိ ချမှတ်ခံခဲ့ရပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ျပင္သစ္ႏုိင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀၀၇)ခုႏွစ္ကေန (၂၀၁၂)ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Francois Fillon ဟာ ျပည္သူပုိင္ေငြ အလြဲသုုံးစားလုပ္မႈအတြက္ ေထာင္ဒဏ္စီရင္ခံလုိက္ရၿပီ ျဖစ္ပါတယ္။ Fillon ဟာ အသက္(၆၆)ႏွစ္ ရွိၿပီ ျဖစ္ပါတယ္။

သူဟာ အမ်ားျပည္သူပုိင္ေငြ ေပါင္(၁)သန္းကို ၿဗိတိန္လူမ်ိဳး ဇနီးျဖစ္သူ Penelope Fillon ကုိ ေပးခဲ့တာပါ။ သူရဲ႕အေၾကာင္းျပခ်က္ကေတာ့ Penelope ဟာ သူရဲ႕တရားဝင္ ပါလီမန္လက္ေထာက္အျဖစ္ (၁၅)ႏွစ္ၾကာ ေဆာင္ရြက္ခဲ့သူျဖစ္ေၾကာင္း ဆုိပါတယ္။

ဒါေပမယ့္ စုံစမ္းစစ္ေဆးသူမ်ားရဲ႕ ေကာက္ခ်က္မွာေတာ့ Penelope အေနနဲ႔ ဒီအလုပ္ကို လုံးဝမလုပ္ခဲ့ရဘဲ ပိုက္ဆံ ရရွိခဲ့တာ ျဖစ္ေၾကာင္း ေပၚေပါက္ခဲ့တာပါ။ ခုိင္လုံတဲ့အေၾကာင္းျပခ်က္တစ္ခုကေတာ့ Penelope ဟာ Paris National Assembly ကို တစ္ေခါက္မွ မေရာက္ခဲ့ဖူးပါဘူး။

Fillon ဟာ ႏုိင္ငံေရးမွာ အလြန္ၾသဇာအာဏာ ႀကီးခဲ့သူျဖစ္ေပမယ့္၊ ဒီေငြေရးေၾကးေရး အလြဲသုံးစားလုပ္မႈေၾကာင့္ သူဟာ (၂၀၁၇)ခုႏွစ္ သမၼတျဖစ္ေရးမွာ အလြဲႀကီးလြဲခဲ့ပါေတာ့တယ္။ သူဟာ လူေတြက အယုံအၾကည္ ကင္းမဲ့ေနတဲ့ၾကားမွာ အပုပ္အစပ္သတင္းေတြ ထြက္ေပၚခဲ့တာပါ။ သူကေတာ့ ႏုိင္ငံေရး လုပ္ႀကံမႈလုိ႔ တံဆိပ္ကပ္ခဲ့ပါတယ္။

Fillon နဲ႔ ၿဗိတိန္သူ Penelope တုိ႔ဟာ Le Mans မွာ ဆုံေတြ႕ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ ထုိစဥ္က Penelope ဟာ အဂၤလိပ္ဘာသာျပဆရာမတစ္ဦး ျဖစ္ခဲ့ၿပီး၊ (၁၉၈၀)ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတုိ႔စုံတြဲကေတာ့ ဒီေငြမသမာမႈကို ျငင္းပယ္ခဲ့ေပမယ့္ Fillon ကေတာ့ ေထာင္ဒဏ္(၅)ႏွစ္အနက္ (၃)ႏွစ္ဆုိင္းငံ့ ခ်မွတ္ခံရပါတယ္။

ဒါ့အျပင္ သူ႕ကို တရား႐ုံးက ဒဏ္ေၾကးအျဖစ္ အေမရိကန္ေဒၚလာ (၄၂၃၀၀၀)ခ်မွတ္ခဲ့ၿပီး၊ ဆယ္ႏွစ္အတြင္း ႏုိင္ငံေရးေလုပ္ငန္းစဥ္မ်ားမွာ ေရြးေကာက္ခံခြင့္မရွိေစရ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ဇနီးျဖစ္သူ Penelope ကေတာ့ ဆုိင္းငံေထာင္ဒဏ္(၃)ႏွစ္ကို အတည္ျပဳေထာင္ဒဏ္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး၊ ဒဏ္ေၾကးအျဖစ္ ယူ႐ုိ (၃၇၅၀၀၀)အထိ ခ်မွတ္ခံခဲ့ရပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here