အမတ်ဒိန် ပြောသည့် သူသမီးငါယူဆိုသည့်ပုံပမာ

0
60

အမတ်ဒိန် သည် မွန်ဘုရင် ရာဇာဓိရာဇ် ကိုခစားသောထူးချွန်သည့် မွန်အမတ်များထဲမှ တစ်ယောက်ဖြစ်သည်။အမတ်ဒိန်မဏိရွတ်ဟူ၍ လည်းထင်ရှားသည်။

“အမတ်ဒိန်” ဆိုသည်မှာ နေကဲ့သို့ထွန်းလင်းပြီး”မဏိရွတ်” ဆိုသည်မှာ ပတ္တမြားရတနာ နှင့်တူသော ဟုအဓိပ္ပါယ်ရသည်။ဟံသာဝတီ(မွန်)ဘုရင် ရာဇာဓိရာဇ် သည်အင်းဝ(ဗမာ)ဘုရင်မင်းခေါင်နဲ့ အပြိုင်မွန်-ဗမာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့သူဖြစ်သည်။

ရာဇာဓိရာဇ် ဤမျှနှစ်ကြာရှည်စွာ ဘုန်းတန်ခိုးကြီးခဲ့ရာမှာ၎င်းကိုယ်တိုင်တော်သလို ၎င်းပိုင်ဆိုင်သော မွန်သူရဲကောင်းများ၏ ပံ့ပိုးမှု၊ စွမ်းဆောင်မှုကြောင့်လည်းဖြစ်သည်။

ရာဇာဓိရာဇ်သည် မင်းကန်စီ၊ သမိန်ဗြတ်ဇ္ဇ၊ အမတ်ဒိန် ၊လဂွန်းအိမ် ၊ ဥပါကောင်း၊ အဲမွန်ဒရာ နှင့် အဲကောင်ဗိန်
စသည်တို့ အပြင် ထူးချွန် ထက်မြက်သော အခြားမွန်အမတ် သူရဲကောင်း များစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

အမတ်ဒိန် ပြောသည့် သူသမီးငါယူဆိုသည့်ပုံပမာ

မွန်ဘုရင် ရာဇာဓိရာဇ်သည် ဗမာဘုရင် သိမ်းပိုက်ထားသော ရခိုင်ပြည် မြောက်ဦးမြို့နှင့် သံတွဲမြို့တွင်ဗမာတပ်များကိုစစ်နိုင်လိုက်ပြီး မြောက်ဦးမြို့တွင်ရှိသောအင်းဝ(ဗမာ)ဘုရင်၏ သားမက်တော် “ကာမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာတို့ကို ဟံသာဝတီ(ပဲခူး)သို့ခေါ်ခဲ့၏။ ကာမဏိ က လမ်းခရီအတွင်း ပုသိမ်မြို့မှာအဆိပ်သောက်သေ လေ၏။ သို့ကြောင့် ဗမာဘုရင်ရဲ့သမီးတော် စောပြည့်ချမ်းသာကို ရာဇာဓိရာဇ် ကမိဖုရားမြှောက်လိုက်၏။

ယင်းကို အင်းဝ(ဗမာ)ဘုရင်က “သင့်သမီး “တလမေကျော်”ကို ငါရတုန်းက ငါ့သားတော် သီဟသူနှင့် စုန်ဖက်စေခဲ့ပေမယ့်သင်ကတော့ ထိုကဲ့သို့မကျင့် မလျော်ကန်သောအကျင့်ကိုကျင်ခဲ့၏။ ထို့ကြောင့် သင့်ထံငါစစ်ချီလာမည်”
ဆိုသည့် စာလွှာကို ရာဇာဓိရာဇ်ဖတ်ပြီးနောက်“အင်းဝမြို့တွင် မင်းရာဇာ၊ အင်းပဲသူကြီး၊ စုက္ကတေးကဲ့သို့စကားတတ်သော ဗမာအမတ်တွေများ လှသည်။

ငါ့ရဲ့ မွန်အမတ်များက ဘာမျှမပြောကြ” ဟု ဆိုသော်အမတ်ဒိန်က“ပထမမြန်မာနိုင်ငံကို တည်ထောင်သူအနော်ရထာမင်းသည်လည်း သူ၏အဆွေတော်ဖြစ်သူမွန်ဘုရင် မနူဟာမင်း၏ သမီးကို မိဖုရားမြှောက်ဖူးသည်။မြတ်စွာဘုရားတို့မည်သည်လည်း ရှေးကပွင့်တော်မူခဲ့သောဘုရားတို့သည်လည်း ဘုရားတို့ အဆက်ဆက် မျှောခဲ့သောဌာနတွင်ပင် ရွှေခွက်ကိုအစဉ်အလာအတိုင်းမျှောခဲ့သည်။

ငါတို့အရှင် မွန်ဘုရင်သည်အနော်ရထာမင်းထုံးကို နှလုံးမူပြီးကျင့်သုံးသဖြင့် ဒါကိုမလျော်ကန်သော အကျင့်ဟုမဆိုထိုက်” ဟုပုံပမာပြ၍ဆိုရာ ရာဇာဓိရာဇ်လည်း နှစ်သက်တော်မူခဲ့ပါတယ်။

သံတမန်အဖြစ်လာသူ အင်းဝ(ဗမာ)ဘက်မှ အင်းပဲသူကြီးကိုယ်တိုင်ကလည်း “အမတ်ဒိန်သည် ပညာရှိပီသ၍စကားတတ်လှပေသည်” ဟု ဝန်ခံချီးကျူးခဲ့ရပါသည်။

အမတ်ဒိန်သည် ရာဇာဓိရာဇ်အတွက် အသက်စွန့်၍ဆောင်ရွက်ခဲ့သူ ဖြစ်သော်လည်း ရာဇာဓိရာဇ်ပြောသမျှ
ခေါင်းညှိတ်တတ်သူ မဟုတ်။ပြောစရာရှိရင် ပြောသလိုတားစရာရှိရင်လည်း ရဲရဲဝံ့ဝံ့တားတတ်သူပင်။ သို့သော်
တားသည့်အခါတိုင်းလည်း တုံးတိတားခြင်းမဟုတ်စကားလိမ္မာနဲ့ သွယ်ဝိုက်ပြီးဖြောင့်ဖြတတ်တာကြောင့်ရာဇာဓိရာဇ် လက်ခံခဲ့ရချည်သည်းပင်။

ထိုအထဲမှ တစ်ခုကိုပြရသော် ရာဇာဓိရာဇ်သည် ဗမာပြည်အင်းဝမြို့တော်ကိုသိမ်းရန် ကြီးမားတဲ့ ရေတပ်ကြီးဖြင့် ချီခဲ့ပြီး
ပထမဆုံး စစ်ကိုင်းမြို့ ကို သိမ်းသည်၊ ထို့နောက် အထက်သို့ဆန်တက်ကာတကောင်းမြို့ကို သိမ်းသည်။ ထိုမှ အင်းဝမြို့တော်ကို သိမ်းရန်ချီလာသောအခါ အင်းဝ(ဗမာ)ဘုရင်မင်းခေါင်သည်အင်အားနည်းနေချိန်ဖြစ်တာကြောင့် ရာဇာဓိရာဇ်ရဲ့မွန်စစ်တပ်ကို မယှဉ်ဝံ့။ ဗမာရဟန်းတော် ပင်းယစကြိုသူမြတ်ကဝင်ရောက်ဖြောင်းဖြမှုကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီးဟံသာဝတီ(ပဲခူး)သို့ ပြန်လည်ဆုတ်ခွာကာ အင်းဝမြို့ဘက်ကိုလှည့်ကြည့် ချိန်၌ မီးခိုးလုံးကြီးကို မြင်ရပါသည်။

ရာဇာဓိရာဇ်ကောင်းမှုကုသိုလ်အဖြစ်ဆောက်လုပ်ခဲ့တဲ့ရွှေကြက်ယက်တံတိုင်းမှ ကျောင်းဆောင်ကိုဗမဘုရင်မင်းခေါင်အမိန့် နဲ့ မီးရှို့ပစ်ခြင်းဖြစ်ပေသည်။

မတိုက်လိုသဖြင့် နောက်ကြောင်းပြန်လှည့်ခဲ့သည်ကိုယခုကဲ့သို့စော်ကားခံလိုက် ရသောအခါ ရာဇဓိရာဇ်ဒေါသ အထွဋ်အထိပ်ရောက်၍ ချက်ချင်းပဲ ပြန်လှည့်ဆိုကာ အင်းဝမြို့ကိုတိုက်ဖို့ ပြင်စေပါသည်။ပြန်လှည့်ဆိုသော်လည်း အချိန်အတော်ကြာချီခဲ့ရသောမွန် စစ်သည်တွေများမှာ စစ်ပန်းနေခဲ့ပြီး တက်ကြွမှု မရှိတော့။

သို့သော် ဒေါသကြီးနေသော မင်းမိန့်ဖြစ်၍ အားလုံးခေါင်းငုံလျှက် ဘာမျှပြန်မပြောရဲကြပေ။ ဒီအချိန်မှာတားမှဖြစ်မယ်ဆိုပြီး အမတ်ဒိန်လျှောက်ခဲ့သည်မှာ “အရှင့်ရဲ့ကုသိုလ်တော်သည် လှူဒါန်းပြီးဖြစ်သဖြင့် ကုသိုလ်ရပြီးဖြစ်သည်။ အရှင့်ကုသိုလ်တော်ကို ဖျက်လိုဖျက်စီးလုပ်သော ဗမာဘုရင်မင်းခေါင်မှာသာအကုသိုလ်ဖြစ်ချေပြီ။

ဘုန်းတန်ခိုးအာနုဘော်လည်းရှိတော့မည်မဟုတ် ။ ထိုကြောင့် ဘုရင်မင်းခေါင်သည်အရှင့်ကို ယှဉ်ပြိုင်အနိုင်ယူရန်မဖြစ်နိုင်တော့ချေ။ဘုရားရှင်ကိုယ်တော်တိုင်ကလည်း စစ်ခင်း၍ အကြိမ် ရာ၊ထောင် နိုင်သော်လည်း ခန္တီစ ဟူသော သည်းခံခြင်းစစ်ကိုတစ်ကြိမ်အောင်မြင်သည်နှင့် မညီသေးဟု ဟောတော်မှုခဲ့ပါတယ်။

ဒါ့အပြင် အရှင်ကိုယ်တိုင် ပြန်ဆုတ်တော့မည်ဖြစ်ကြောင်း စကြိုသူမြတ်ကို ကတိပေးခဲ့ပြီးပါပြီ။ထွက်ပြီးသား အစွယ် ပြန်မဝင်သကဲ့သို့ မင်းဧကရာဇ်နှုတ်ကထွက်သောစကားသည်လည်း ရုပ်သိမ်းရန်မသင့်ပါ အရှင်”ဟူ၍ ဖြစ်ပါသည်။ စကား မှန်နေသဖြင့် ရာဇာဓိရာဇ် လည်းတပ်များကို ဟံသာဝတီကို ပြန်လှည့်ရန်သာ အမိန့်ပေးလိုက်ပါသည်။

အမတ်ဒိန်ရဲ့ငိုပွဲ

အမတ်ဒိန် သည် စကားအရာသာကျွမ်းကျင်လိမ္မာသည်မဟုတ် နိုင်ငံရေးစစ်ရေးအမြင်လည်း ရှိသူ ဖြစ်သည်။ သန်လျင်မြို့စား မှပုသိမ်မြို့စားအဖြစ် ပြောင်းရွေ့တာဝန်ပေးခံရပြီးနောက်၎င်းရဲ့ပုသိမ်မြို့ခံတပ်ကို ဗမာအိမ်ရှေ့မင်းသား ဖြစ်သူမင်းရဲကျော်စွာရဲ့ ဗမတပ်မကြီး လုံးဝထိုးဖောက်လို့မရခဲ့သည်ကို ကြည့်လျှင် ၎င်းရဲ့ဦးဆောင်ကွပ်ကဲမှု စွမ်းရည်ကို
သိနိုင်သည်။ သို့သော် သူရဲကောင်း အမတ်ကြီးငိုချင်းချခဲ့ရသော အဖြစ်တစ်ခုလည်း ရှိခဲ့ပါသည်။

ရာဇာဓိရာဇ်နန်းတက်သောအခါ ငယ်ချစ် တလမေဒေါကိုမိဖုရားကြီးအရာ မမြှောက်ပဲ မွေမနိတ် ကိုမြှောက်လိုက်သည်။တလမေဒေါ ရာဇာဓိရာဇ်အမိန့်နဲ့ စည်းစိမ်ရုပ်သိမ်းခံရသည်။ဒါ့အပြင် ခမည်းတော် ဗညားဦးပေးခဲ့သော တန်ဖိုးကြီးလက်စွပ်ဆယ့်နှစ်ချည်ကို မွေမနိတ်ကို ပေးဖို့ တလမေဒေါထံမှအမတ်ဒိန်အား သွားရောက်တောင်းခံစေခဲ့သည်။

အရာကျခဲ့သူ မိဖုရားကို ထပ်မံညှင်းဆဲ သလိုဖြစ်သည့်အတွက် အမတ်ဒိန် စိတ်မချမ်းသာလှသော်လည်းမင်းမိန့်ဖြစ်ရကား မျက်ရည် စက်လက်ဖြင့် တောင်းခဲ့ရသည်ဟု အရေးတော်ပုံကျမ်းတွင် ပါရှိပါသည်။

(တလမေဒေါသည် နောက်ဆုံးတွင် အဆိပ်သောက်ပြီးသတ်သေသွားခဲ့ပါသည်။)

ကိုးကား – ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း-နိုင်ပန်းလှ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ- ဦးဖိုးကျား မှူးမတ်များနှင့်တွေ့ဆုံခြင်း – ချစ်ဦးညို

——————

အမတ္ဒိန္ သည္ မြန္ဘုရင္ ရာဇာဓိရာဇ္ ကိုခစားေသာထူးခြၽန္သည့္ မြန္အမတ္မ်ားထဲမွ တစ္ေယာက္ျဖစ္သည္။အမတ္ဒိန္မဏိ႐ြတ္ဟူ၍ လည္းထင္ရွားသည္။

“အမတ္ဒိန္” ဆိုသည္မွာ ေနကဲ့သို႔ထြန္းလင္းၿပီး”မဏိ႐ြတ္” ဆိုသည္မွာ ပတၱျမားရတနာ ႏွင့္တူေသာ ဟုအဓိပၸါယ္ရသည္။ဟံသာဝတီ(မြန္)ဘုရင္ ရာဇာဓိရာဇ္ သည္အင္းဝ(ဗမာ)ဘုရင္မင္းေခါင္နဲ႔ အၿပိဳင္မြန္-ဗမာ ႏွစ္ ၄၀ စစ္ပြဲကို ဆင္ႏႊဲခဲ့သူျဖစ္သည္။

ရာဇာဓိရာဇ္ ဤမွ်ႏွစ္ၾကာရွည္စြာ ဘုန္းတန္ခိုးႀကီးခဲ့ရာမွာ၎ကိုယ္တိုင္ေတာ္သလို ၎ပိုင္ဆိုင္ေသာ မြန္သူရဲေကာင္းမ်ား၏ ပံ့ပိုးမႈ၊ စြမ္းေဆာင္မႈေၾကာင့္လည္းျဖစ္သည္။

ရာဇာဓိရာဇ္သည္ မင္းကန္စီ၊ သမိန္ျဗတ္ဇၨ၊ အမတ္ဒိန္ ၊လဂြန္းအိမ္ ၊ ဥပါေကာင္း၊ အဲမြန္ဒရာ ႏွင့္ အဲေကာင္ဗိန္
စသည္တို႔ အျပင္ ထူးခြၽန္ ထက္ျမက္ေသာ အျခားမြန္အမတ္ သူရဲေကာင္း မ်ားစြာကို ပိုင္ဆိုင္ထားသူျဖစ္သည္။

အမတ္ဒိန္ ေျပာသည့္ သူသမီးငါယူဆိုသည့္ပုံပမာ

မြန္ဘုရင္ ရာဇာဓိရာဇ္သည္ ဗမာဘုရင္ သိမ္းပိုက္ထားေသာ ရခိုင္ျပည္ ေျမာက္ဦးၿမိဳ႕ႏွင့္ သံတြဲၿမိဳ႕တြင္ဗမာတပ္မ်ားကိုစစ္ႏိုင္လိုက္ၿပီး ေျမာက္ဦးၿမိဳ႕တြင္ရွိေသာအင္းဝ(ဗမာ)ဘုရင္၏ သားမက္ေတာ္ “ကာမဏိ ႏွင့္သမီးေတာ္ ေစာျပည့္ခ်မ္းသာတို႔ကို ဟံသာဝတီ(ပဲခူး)သို႔ေခၚခဲ့၏။ ကာမဏိ က လမ္းခရီအတြင္း ပုသိမ္ၿမိဳ႕မွာအဆိပ္ေသာက္ေသ ေလ၏။ သို႔ေၾကာင့္ ဗမာဘုရင္ရဲ႕သမီးေတာ္ ေစာျပည့္ခ်မ္းသာကို ရာဇာဓိရာဇ္ ကမိဖုရားေျမႇာက္လိုက္၏။

ယင္းကို အင္းဝ(ဗမာ)ဘုရင္က “သင့္သမီး “တလေမေက်ာ္”ကို ငါရတုန္းက ငါ့သားေတာ္ သီဟသူႏွင့္ စုန္ဖက္ေစခဲ့ေပမယ့္သင္ကေတာ့ ထိုကဲ့သို႔မက်င့္ မေလ်ာ္ကန္ေသာအက်င့္ကိုက်င္ခဲ့၏။ ထို႔ေၾကာင့္ သင့္ထံငါစစ္ခ်ီလာမည္”
ဆိုသည့္ စာလႊာကို ရာဇာဓိရာဇ္ဖတ္ၿပီးေနာက္“အင္းဝၿမိဳ႕တြင္ မင္းရာဇာ၊ အင္းပဲသူႀကီး၊ စုကၠေတးကဲ့သို႔စကားတတ္ေသာ ဗမာအမတ္ေတြမ်ား လွသည္။

ငါ့ရဲ႕ မြန္အမတ္မ်ားက ဘာမွ်မေျပာၾက” ဟု ဆိုေသာ္အမတ္ဒိန္က“ပထမျမန္မာႏိုင္ငံကို တည္ေထာင္သူအေနာ္ရထာမင္းသည္လည္း သူ၏အေဆြေတာ္ျဖစ္သူမြန္ဘုရင္ မႏူဟာမင္း၏ သမီးကို မိဖုရားေျမႇာက္ဖူးသည္။ျမတ္စြာဘုရားတို႔မည္သည္လည္း ေရွးကပြင့္ေတာ္မူခဲ့ေသာဘုရားတို႔သည္လည္း ဘုရားတို႔ အဆက္ဆက္ ေမွ်ာခဲ့ေသာဌာနတြင္ပင္ ေ႐ႊခြက္ကိုအစဥ္အလာအတိုင္းေမွ်ာခဲ့သည္။

ငါတို႔အရွင္ မြန္ဘုရင္သည္အေနာ္ရထာမင္းထုံးကို ႏွလုံးမူၿပီးက်င့္သုံးသျဖင့္ ဒါကိုမေလ်ာ္ကန္ေသာ အက်င့္ဟုမဆိုထိုက္” ဟုပုံပမာျပ၍ဆိုရာ ရာဇာဓိရာဇ္လည္း ႏွစ္သက္ေတာ္မူခဲ့ပါတယ္။

သံတမန္အျဖစ္လာသူ အင္းဝ(ဗမာ)ဘက္မွ အင္းပဲသူႀကီးကိုယ္တိုင္ကလည္း “အမတ္ဒိန္သည္ ပညာရွိပီသ၍စကားတတ္လွေပသည္” ဟု ဝန္ခံခ်ီးက်ဴးခဲ့ရပါသည္။

အမတ္ဒိန္သည္ ရာဇာဓိရာဇ္အတြက္ အသက္စြန႔္၍ေဆာင္႐ြက္ခဲ့သူ ျဖစ္ေသာ္လည္း ရာဇာဓိရာဇ္ေျပာသမွ်
ေခါင္းညႇိတ္တတ္သူ မဟုတ္။ေျပာစရာရွိရင္ ေျပာသလိုတားစရာရွိရင္လည္း ရဲရဲဝံ့ဝံ့တားတတ္သူပင္။ သို႔ေသာ္
တားသည့္အခါတိုင္းလည္း တုံးတိတားျခင္းမဟုတ္စကားလိမၼာနဲ႔ သြယ္ဝိုက္ၿပီးေျဖာင့္ျဖတတ္တာေၾကာင့္ရာဇာဓိရာဇ္ လက္ခံခဲ့ရခ်ည္သည္းပင္။

ထိုအထဲမွ တစ္ခုကိုျပရေသာ္ ရာဇာဓိရာဇ္သည္ ဗမာျပည္အင္းဝၿမိဳ႕ေတာ္ကိုသိမ္းရန္ ႀကီးမားတဲ့ ေရတပ္ႀကီးျဖင့္ ခ်ီခဲ့ၿပီး
ပထမဆုံး စစ္ကိုင္းၿမိဳ႕ ကို သိမ္းသည္၊ ထို႔ေနာက္ အထက္သို႔ဆန္တက္ကာတေကာင္းၿမိဳ႕ကို သိမ္းသည္။ ထိုမွ အင္းဝၿမိဳ႕ေတာ္ကို သိမ္းရန္ခ်ီလာေသာအခါ အင္းဝ(ဗမာ)ဘုရင္မင္းေခါင္သည္အင္အားနည္းေနခ်ိန္ျဖစ္တာေၾကာင့္ ရာဇာဓိရာဇ္ရဲ႕မြန္စစ္တပ္ကို မယွဥ္ဝံ့။ ဗမာရဟန္းေတာ္ ပင္းယစႀကိဳသူျမတ္ကဝင္ေရာက္ေျဖာင္းျဖမႈေၾကာင့္ ကုသိုလ္ေကာင္းမႈမ်ား ျပဳလုပ္ၿပီးဟံသာဝတီ(ပဲခူး)သို႔ ျပန္လည္ဆုတ္ခြာကာ အင္းဝၿမိဳ႕ဘက္ကိုလွည့္ၾကည့္ ခ်ိန္၌ မီးခိုးလုံးႀကီးကို ျမင္ရပါသည္။

ရာဇာဓိရာဇ္ေကာင္းမႈကုသိုလ္အျဖစ္ေဆာက္လုပ္ခဲ့တဲ့ေ႐ႊၾကက္ယက္တံတိုင္းမွ ေက်ာင္းေဆာင္ကိုဗမဘုရင္မင္းေခါင္အမိန႔္ နဲ႔ မီးရႈိ႕ပစ္ျခင္းျဖစ္ေပသည္။

မတိုက္လိုသျဖင့္ ေနာက္ေၾကာင္းျပန္လွည့္ခဲ့သည္ကိုယခုကဲ့သို႔ေစာ္ကားခံလိုက္ ရေသာအခါ ရာဇဓိရာဇ္ေဒါသ အထြဋ္အထိပ္ေရာက္၍ ခ်က္ခ်င္းပဲ ျပန္လွည့္ဆိုကာ အင္းဝၿမိဳ႕ကိုတိုက္ဖို႔ ျပင္ေစပါသည္။ျပန္လွည့္ဆိုေသာ္လည္း အခ်ိန္အေတာ္ၾကာခ်ီခဲ့ရေသာမြန္ စစ္သည္ေတြမ်ားမွာ စစ္ပန္းေနခဲ့ၿပီး တက္ႂကြမႈ မရွိေတာ့။

သို႔ေသာ္ ေဒါသႀကီးေနေသာ မင္းမိန႔္ျဖစ္၍ အားလုံးေခါင္းငုံလွ်က္ ဘာမွ်ျပန္မေျပာရဲၾကေပ။ ဒီအခ်ိန္မွာတားမွျဖစ္မယ္ဆိုၿပီး အမတ္ဒိန္ေလွ်ာက္ခဲ့သည္မွာ “အရွင့္ရဲ႕ကုသိုလ္ေတာ္သည္ လႉဒါန္းၿပီးျဖစ္သျဖင့္ ကုသိုလ္ရၿပီးျဖစ္သည္။ အရွင့္ကုသိုလ္ေတာ္ကို ဖ်က္လိုဖ်က္စီးလုပ္ေသာ ဗမာဘုရင္မင္းေခါင္မွာသာအကုသိုလ္ျဖစ္ေခ်ၿပီ။

ဘုန္းတန္ခိုးအာႏုေဘာ္လည္းရွိေတာ့မည္မဟုတ္ ။ ထိုေၾကာင့္ ဘုရင္မင္းေခါင္သည္အရွင့္ကို ယွဥ္ၿပိဳင္အႏိုင္ယူရန္မျဖစ္ႏိုင္ေတာ့ေခ်။ဘုရားရွင္ကိုယ္ေတာ္တိုင္ကလည္း စစ္ခင္း၍ အႀကိမ္ ရာ၊ေထာင္ ႏိုင္ေသာ္လည္း ခႏၲီစ ဟူေသာ သည္းခံျခင္းစစ္ကိုတစ္ႀကိမ္ေအာင္ျမင္သည္ႏွင့္ မညီေသးဟု ေဟာေတာ္မႈခဲ့ပါတယ္။

ဒါ့အျပင္ အရွင္ကိုယ္တိုင္ ျပန္ဆုတ္ေတာ့မည္ျဖစ္ေၾကာင္း စႀကိဳသူျမတ္ကို ကတိေပးခဲ့ၿပီးပါၿပီ။ထြက္ၿပီးသား အစြယ္ ျပန္မဝင္သကဲ့သို႔ မင္းဧကရာဇ္ႏႈတ္ကထြက္ေသာစကားသည္လည္း ႐ုပ္သိမ္းရန္မသင့္ပါ အရွင္”ဟူ၍ ျဖစ္ပါသည္။ စကား မွန္ေနသျဖင့္ ရာဇာဓိရာဇ္ လည္းတပ္မ်ားကို ဟံသာဝတီကို ျပန္လွည့္ရန္သာ အမိန႔္ေပးလိုက္ပါသည္။

အမတ္ဒိန္ရဲ႕ငိုပြဲ

အမတ္ဒိန္ သည္ စကားအရာသာကြၽမ္းက်င္လိမၼာသည္မဟုတ္ ႏိုင္ငံေရးစစ္ေရးအျမင္လည္း ရွိသူ ျဖစ္သည္။ သန္လ်င္ၿမိဳ႕စား မွပုသိမ္ၿမိဳ႕စားအျဖစ္ ေျပာင္းေ႐ြ႕တာဝန္ေပးခံရၿပီးေနာက္၎ရဲ႕ပုသိမ္ၿမိဳ႕ခံတပ္ကို ဗမာအိမ္ေရွ႕မင္းသား ျဖစ္သူမင္းရဲေက်ာ္စြာရဲ႕ ဗမတပ္မႀကီး လုံးဝထိုးေဖာက္လို႔မရခဲ့သည္ကို ၾကည့္လွ်င္ ၎ရဲ႕ဦးေဆာင္ကြပ္ကဲမႈ စြမ္းရည္ကို
သိႏိုင္သည္။ သို႔ေသာ္ သူရဲေကာင္း အမတ္ႀကီးငိုခ်င္းခ်ခဲ့ရေသာ အျဖစ္တစ္ခုလည္း ရွိခဲ့ပါသည္။

ရာဇာဓိရာဇ္နန္းတက္ေသာအခါ ငယ္ခ်စ္ တလေမေဒါကိုမိဖုရားႀကီးအရာ မေျမႇာက္ပဲ ေမြမနိတ္ ကိုေျမႇာက္လိုက္သည္။တလေမေဒါ ရာဇာဓိရာဇ္အမိန႔္နဲ႔ စည္းစိမ္႐ုပ္သိမ္းခံရသည္။ဒါ့အျပင္ ခမည္းေတာ္ ဗညားဦးေပးခဲ့ေသာ တန္ဖိုးႀကီးလက္စြပ္ဆယ့္ႏွစ္ခ်ည္ကို ေမြမနိတ္ကို ေပးဖို႔ တလေမေဒါထံမွအမတ္ဒိန္အား သြားေရာက္ေတာင္းခံေစခဲ့သည္။

အရာက်ခဲ့သူ မိဖုရားကို ထပ္မံညႇင္းဆဲ သလိုျဖစ္သည့္အတြက္ အမတ္ဒိန္ စိတ္မခ်မ္းသာလွေသာ္လည္းမင္းမိန႔္ျဖစ္ရကား မ်က္ရည္ စက္လက္ျဖင့္ ေတာင္းခဲ့ရသည္ဟု အေရးေတာ္ပုံက်မ္းတြင္ ပါရွိပါသည္။

(တလေမေဒါသည္ ေနာက္ဆုံးတြင္ အဆိပ္ေသာက္ၿပီးသတ္ေသသြားခဲ့ပါသည္။)

ကိုးကား – ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း-ႏိုင္ပန္းလွ ျမန္မာ့ဂုဏ္ရည္ ရာဇဝင္ဖတ္စာ- ဦးဖိုးက်ား မႉးမတ္မ်ားႏွင့္ေတြ႕ဆုံျခင္း – ခ်စ္ဦးညိဳ

LEAVE A REPLY

Please enter your comment!
Please enter your name here