ပြည်တွင်းသတင်း

ဘန်ကောက်တွင် ကာတွန်းကားဇာတ်ဝင်သီချင်းကိုသီဆို၍ ထိုင်းလူငယ်များ အစိုးရကို ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ဇူလိုင် ၂၆ ရက်က ရာနဲ့ချီတဲ့ လူငယ်တွေက အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင်ပတ်လည်မှာရှိတဲ့ လမ်းတွေပေါ် ချီတက်ရင်း ဂျပန်ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို စာသားတွေကို ပြင်ပြီး သီဆို ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို ဖြုန်းတာရပ်ဖို့ကိုလဲ အစိုးရကို ဆော်သြခဲ့ပါတယ်။ ဟမ်တာရိုကာတွန်းရုပ်ရှင်ထဲက အဓိက ဇာတ်ဆောင် ဖြစ်ပြီး စက်ဝိုင်းဘီးတွေထဲမှာ ပြေးနေရတဲ့ အမြီးတိုပါးတွဲ […]

ပြည်တွင်းသတင်း

ကသာမြို့နယ်၌ မြစ်ရေတက်လာသဖြင့် လူပေါင်း ၁၀၀၀ ကျော်ဘေးလွတ်ရာ ပြောင်းရွှေ့

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေက ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်နားထိ တိုးလာနေပြီး အနိမ့်ပိုင်းနေရာတွေမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ဒေသခံ လူဦးရေ ၁၀၀၀ ကျော်ကို ရေလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။ အခုလို ပြောင်းရွှေ့နေကြရတာ ၃ ရက်လောက်ရှိနေပြီဖြစ်ပြီး နှစ်စဉ်မြစ်ရေတက်ချိန်တိုင်း ရေဝင်နေကျအနိမ့်ပိုင်းတွေကိုသာ ဝင်ရောက်သေးတာဖြစ်တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။ “ရေက စိုးရိမ်ရေအမှတ်မရောက်သေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက နိမ့်တဲ့ရေဝင်ဒေသတွေက ဟာတွေကို လွတ်တဲ့နေရာတွေရွှေ့ဖို့ မီးသတ်၊ ဘေးစီမံ၊ […]

ပြည်တွင်းသတင်း

Quarantine ဝင်နေသည့် တရုတ်ပြန် အမျိုးသား ၁ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ဆေးရုံမှာ Quarantine ဝင်နေတဲ့ ရောင်စုံကျေးရွာသား စောင့်ကြည့် လူနာတစ်ဦး ဇူလိုင် ၁၄ ရက်နေ့က သေဆုံးသွားတယ်လို့ အပေါက်ဝတိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူဟာ တရုတ်နိုင်ငံကနေ ဇွန်လ ၃၀ ရက်နေ့က သူ့ရဲ့နေရပ်ဖြစ်တဲ့ ရောင်စုံကျေးရွာကို ပြန်လာပြီး ကျေးရွာအတွင်းက စာသင်ကျောင်းမှာ Quarantine ဝင်နေတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ အပေါက်တိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက“သေဆုံးသွားတာ ဟုတ်ပါတယ်။ တရုတ်ကပြန်လာကတည်းက သူ့မှာသွေးတိုးရှိပြီး […]

ပြည်တွင်းသတင်း

ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်မှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံးသွားတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သတင်းထုတ်ပြန်ပါတယ်။ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ဝင် ဆည်သည်မြောက်ကျေးရွာနေ ဦးမြင့်အောင်ရဲ့ သတင်းပေးချက်အရ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက စဥ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း ဦးဆောင်တဲ့အဖွဲ့မှ စစ်ဆေးခဲ့တာမှာ သေဆုံးနေတဲ့ လင်းပိုင်ကိုတွေ့ရှိခဲ့တာပါ။ သေဆုံးတဲ့ ဧရာဝတီလင်းပိုင်အမဟာ ခန္ဓာကိုယ်အလျား […]

ပြည်တွင်းသတင်း

မြို့ခံတဦးကို လက်သီးဖြင့် ထိုးခဲ့မှုအတွက် ပုသိမ်ရဲတပ်ဖွဲ့ ပြန်တောင်းပန်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုတခုမှာ ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးရဲ့ လုပ်ရပ်အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အထိုးခံရသူကို ပြန်လည်တောင်းပန်လိုက်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်မိုးနိုင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ အရာရှိတွေက ပုသိမ်နယ်မြေရဲစခန်းမှာ အထိုးခံရတဲ့ ကာယကံရှင်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်အတွက် ဇူလိုင် ၁၂ ရက်နေ့မနက်ပိုင်းက […]

ပြည်တွင်းသတင်း

ဆင်ရွာရေတံခွန်ပိတ်ပြီးနောက် ဇင်း ကျိုက်ရေတံခွန်သို့လူထောင်ချီ စံချိန် တင်လာရောက် လည်ပတ်

လွန်ခဲ့သော ၂ရက်ကစတင်ပြီး ဆင်ရွာ ရေတံခွန်သို့လူသွားလာလည်ပတ်မှုအားသက်ဆိုင်ရာကတားဆီးကြပ်မတ်ထားသည်။အပန်းဖြေလည်ပတ်သူများမှာဇင်းကျိုက်သို့ဘက်ပြောင်း လည်ပတ်မှုပြုလုပ်ခဲ့သည်ကိုတွေ့ရသည် တနင်္ဂနွေရုံးပိတ်ရက်လည်းဖြစ်နေ၍ ဇူ လိုင် ၁၂ ရက်နေ့က ဇင်းကျိုက်ရေ တံ ခွန်သို့ လာရောက် လည်ပတ်မှုသိသာစွာ စံချိန်တင် များပြား ခဲ့သည် ဆိုင်ကယ်ဖြင့်လာရောက်ကြသူများပြားပြီး နေ့လည်ပိုင်း၌ အဝေးပြေး လမ်းမ ကြီးပေါ်တွင်ယာဉ်သွားလာမှု ရှုပ်ထွေးခဲ့သည်ကိုတွေ့ရသည် “ဆိုင်ကယ်အပ်နှံတဲ့ဝင်းပြည့်သွားတယ်ဘောလုံးကွင်းထဲမှာကားတွေလာထားကြရတယ် “ဟု ဇင်းကျိုက်မြို့ခံ အမည် မဖေါ်လိုသူတစ်ဦးကပြောသည် စည်ပင်သာယာ ဌာနမှ လေလံကန်ထရိုက်ချထားပေးသည့် လုပ်ငန်းများ ဇင်း ကျိုက် […]

ပြည်တွင်းသတင်း

သောင်ရင်းမြစ်ကို လက်ပစ်ကူး ခိုးဝင်လာတဲ့တရုတ် နိုင်ငံသား၁၆ ဦးကို ထိုင်း ရဲက ဖမ်းဆီး

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့  နယ်ခြားစောင့် ရဲကင်းလှည့်အဖွဲ့ ကဒီကနေ့ နံနက်ပိုင်းမှာ တဘက်နိုင်ငံ မြ၀တီကနေ မိုးရေးမြစ်ခေါ်သောင်ရင်းမြစ်ကို ဖြတ်ကူးလာကြတဲ့ တရုတ်နိုင်ငံသား ၁၆ဦးကို တွေ့ ခဲ့ပြီး အားလုံးကို ထိုင်းနိုင်ငံပိုင် နက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ တရုတ်နိုင်ငံသား `၁၆ ဦးကို မဲဆောက် ၇ဲစခန်းကိုခေါ်ဆောင်သွားပြီးဘာသာပြန်နဲ့ စစ်ဆေးနေကြောင်း သိရပါတယ်။ ဇူလိုင်လ ၁၁ရက် နေ့ ကလည်း တရုတ်နိုင်ငံသား၂ဦးကို ကားထဲမှာ ဖွက်ပီး ခေါ်လာတဲ့ […]

ပြည်တွင်းသတင်း

ကိုဗစ်-၁၉ လူနာ ၆ နှစ်ကလေးအား ဆိုင်ကယ်ဖြင့် ခက်ခက်ခဲခဲခေါ်ဆောင်ပြီး ဆေးရုံပို့ခဲ့ရ (ဓာတ်ပုံ)

ချင်းပြည်နယ်က အသက် ၆ နှစ်အရွယ် ကလေးငယ်မှာ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် သွားလာရခက်ခဲတဲ့ ကျေးရွာကနေ ဆိုင်ကယ်နဲ့ အဆင့်ဆင့်ပို့ပေးခဲ့ရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။ လူနာအမှတ် ၃၁၈ ဖြစ်တဲ့ ကလေးငယ်ဟာ သူ့ရဲ့ အမေနဲ့အတူ အိန္ဒိယနိုင်ငံက ပြန်လာခဲ့ပြီး တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းရွာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခံခဲ့ရတာပါ။ တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထန်ရှင်းခိုင်က “ဇွန် ၂၉ ရက်မှာ ရွာကို ပြန်ရောက်လာတယ်။ ကွာရန်တင်းထားပြီး Swab […]

ပြည်တွင်းသတင်း

သမ္မတဟောင်း ဦးသိန်းစိန် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေး ဝန်းရံ ကူညီမယ်

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးကို သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီစတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေက ဝန်းရံကူညီသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က RFA ကို ပြောပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီခေါင်းဆောင်ဟောင်းတွေဟာ တာဝန်ကြီးကြီးတွေ ယူမထားပေမယ့် ပါတီဝင်တွေအဖြစ် ရှိနေတာကြောင့် ရွေးကောက်ပွဲနီးရင် ပါတီအောင်နိုင်ရေးအတွက် တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အသက်အရွယ်နဲ့ သွားလာနိုင်မှုပေါ် မူတည်ပြီး ပါတီအောင်နိုင်ရေး လုပ်ဆောင်သွားဖို့ […]

ပြည်တွင်းသတင်း

ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ဓညဝတီရေတပ်စခန်း တပ်မတော်စစ်ကြောင်းတခုက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ တပ်မတော်စစ်ကြောင်းက ကျေးရွာဒေသခံတွေကို စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လူငယ် ၂ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ စိုင်ခြုံကျေးရွာနေ အမည်မဖော်လိုသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က မနက် ၄ နာရီလောက်မှာ ဓညဝတီရေစခန်းက တပ်မတော်သားတွေ ရွာကို […]