ပြည်တွင်းသတင်း

ပုသိမ်မြို့က ဘူတာညဈေး ပြောင်းရွှေ့ရန် ကျပ် ၆၁ သန်းကျော် အသုံးပြုမည်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဘူတာညဈေးအား ပြောင်းရွှေ့ဖွင့်လှစ်ဖို့ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေကနေ ကျပ်သန်း ၆၁ ကျော် အသုံးပြုမယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ “ပျံကျဈေးကို ရေရှည် အများပြည်သူသွားလာတဲ့ လမ်းပေါ်လည်း ထိခိုက်မှုမရှိအောင် သွားရေးလာရေးကိုလည်း မထိခိုက်အောင် ဈေးသည်တွေလည်း လွတ်လွတ်လပ်လပ်နဲ့ စနစ်တကျ သူတို့ရောင်းချင်တဲ့အချိန်အထိ ရောင်းလို့ရအောင်ဆိုပြီး နေရာရှာပါတယ်။ ရေကြည်မင်္ဂလာကျောင်းအနားက မီးရထားမြေမှာလည်း အကောင်အထည်ဖော်ဖို့ သင့်တော်မယ်ဆိုတဲ့ အသင့်တော်ဆုံးနေရာကို တွေ့ပါတယ်။” ရေကြည်မင်္ဂလာကျောင်းအနားက မီးရထားမြေကို ငှားရမ်းပြီး […]

ပြည်တွင်းသတင်း

လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ထပ်မံစစ်ဆေး

လွှတ်တော်ကိုယ်စားလှယ် အယောက် ၄၅၀ ရဲ့ ဓာတ်ခွဲနမူနာတွေကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ ၂ မှာ မနေ့မနက်ပိုင်းက ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပေးပို့စစ်ဆေးထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ၁၇ ကြိမ်မြောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို တက်ရောက်ကြမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့တာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ဒီဗွီဘီကို ပြောပါတယ်။ “Negative၊ Positive […]

ပြည်တွင်းသတင်း

ကိုဗစ်ကာလ ရပ်နားထားသည့် စကားဝိုင်းဆွေးနွေးပွဲများ MRCCI တွင် ပြန်ကျင်းပမည်

ကိုဗစ်-၁၉ ကာလ ရပ်နားထားတဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကို ပြန်လည်ကျင်းပတော့မယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI က ပြောပါတယ်။ ဒီလိုကျင်းပရာမှာ ကိုဗစ်-၁၉ ကူးစက်နိုင်မှုကို သတိပြုတဲ့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြား အကွာအဝေးမှာ ထားရှိတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးကန် ထားရှိတာတွေ စနစ်တကျ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အလွန် ကာလမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုပြန်လည်ဦးမော့နိုင်မလဲဆိုတဲ့ ဆွေးနွေးချက်တွေ ပါဝင်တဲ့ “COVID-19 & Myanmar […]

ပြည်တွင်းသတင်း

စိုက်ပျိုးစပါးဧက ၁၀၀ ကျော် ဖျက်ဆီးခံရသဖြင့် အင်းတော်ကြီး လယ်သမားများ တိုင်ကြား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးချောင်းဝအုပ်စု OSS ရေနှစ်မွှာကွင်းမှာ စပါးစိုက်ပျိုးထားတဲ့ လယ်မြေ ဧက ၁၀၀ ကျော်ကို နဂါးမင်းကုမ္ပဏီက ဝင်ရောက်ဖျက်ဆီးနေတဲ့အတွက် လယ်သမားတွေက မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဇူလိုင် ၁၀ ရက်ည ၇ နာရီလောက် လာရောက်တိုင်ကြားခဲ့ပါတယ်။ အဲဒီမြေနေရာဟာ နဂါးမင်းကုမ္ပဏီနဲ့ လယ်သမားများ လယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပြီး ကုမ္ပဏီဘက်က ထွန်စက်တွေနဲ့ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ဝင်ရောက်ဖျက်ဆီးနေတာလို့ လယ်သမားဦးသန်းထွေးက ပြောပါတယ်။ “စပါးစိုက်ပျိုးပြီးသားဧက ၂၀ […]

ပြည်တွင်းသတင်း

အဆိုတော် လင်းလင်းနှင့် ဇနီးချစ်သုဝေ ပုသိမ်ဆေးရုံကြီးကို သိန်း ၂၀၀ လှူ ဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အဆိုတော်လင်းလင်း နဲ့ ဇနီးဖြစ်သူ ချစ်သုဝေ တို့လာရောက်ပြီး ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် လင်းလင်းနှင့် ဇနီး ချစ်သုဝေတို့ဟာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်း ကျန်ရှိတဲ့ အလှူငွေလက်ကျန်ကို ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဆီ လာရောက်လှူဒါန်းခဲ့တယ်လို့ ချစ်သုဝေက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ဧရာဝတီတိုင်း သဲကုန်းအုပ်စု […]

ပြည်တွင်းသတင်း

တစညပါတီ နိုင်ငံတဝန်း မြို့နယ်၁၈၀ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ ရွေးချယ်ထားပြီး မြို့နယ်ပေါင်း ၁၈၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကလွဲပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ပြောပါတယ်။ ပြည်သူ့လွှတ်တော် နေရာ ၁၀၀၊ အမျိုးသားလွှတ်တော် ၄၃ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၇၃ နေရာ၊ တိုင်းရင်းသားရေးရာ […]

ပြည်တွင်းသတင်း

ကိုယ်ထူကိုယ်ထဓာတ်အားလိုင်းကို အခြားရွာသို့ သွယ်တန်းပေးသဖြင့် သနပ်မျှောင်ရွာသားများ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သနပ်မျှောင်ကျေးရွာမှာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားတဲ့ 11 KV ဓာတ်အားလိုင်းကနေ တခြားကျေးရွာ ၂ ခုကို လျှပ်စစ်မီးသွယ်တန်းပေးနေတာကြောင့် ကျေးရွာအနေနဲ့ နစ်နာတယ်လို့ ကျေးရွာသားတချို့က ပြောပါတယ်။သနပ်မျှောင်ကျေးရွာမှာ လျှပ်စစ်မီး ရရှိဖို့အတွက် ၅ မိုင်လောက်ရှည်တဲ့ ဓာတ်အားလိုင်းကို ဒေသခံတွေက ကျပ်သိန်းပေါင်း ၁၄၀၀ ကျော် အကုန်အကျခံပြီး ၂၀၁၃-၁၄ ခုနှစ်က သွယ်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လတ်တလောမှာ သနပ်မျှောင်ရွာနားက ချောင်းရိုးနဲ့ကျိုင်းခမောက်ရွာတို့ကို လျှပ်စစ်မီး ဖြန့်ဖြူးဖို့ နိုင်ငံတော်ရဲ့ညွှန်ကြားချက်အရ […]

ပြည်တွင်းသတင်း

ကိုဗစ်ကာလ ကျေးရွာနေပြည်သူများ ဝင်ငွေရရှိရေးအစီအစဉ်အတွက် ရေးမြို့နယ်တွင် ကျေးရွာ ၅၀ ရွေးချယ်

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေ ဝင်ငွေရရှိစေဖို့ COVID-19 Economic Relife Plan အရ ကျေးရွာ ၅၀ ရွေးချယ်ထားတယ်လို့ ရေးမြို့နယ် ကျေးလက်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ခွာညိုဌေးက ပြောပါတယ်။ အဲဒီအစီအစဉ်မှာ ကျေးရွာအခြေခံအဆောက်အဦအထောက်အကူပြု Cash For Work အစီအစဉ်နဲ့ ရွာပေါင်း ၃၀ ရွာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project အစီအစဉ်နဲ့ ရွာပေါင်း ၂၀ […]

ပြည်တွင်းသတင်း

ချောက်မြို့နယ် လမ်းဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် လုပ်ငန်း ၄ ခု ကို ငွေကျပ်သိန်း ၅၇၀၀ကျော် သုံးစွဲ

ချောက်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄ ခုကို ၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘတ်ဂျက်ကျပ်သိန်း ၅၇၅၀ သုံးစွဲပြီး ဆောင်ရွက်ရာ ယခုလ ဇွန်လ အတွင်း ရာခိုင်နှုန်းပြည့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးသွားပြီလို့ မြို့နယ်လမ်းဦးစီးဌာနက သိရပါတယ်။ မြို့နယ်အတွင်းရှိ ကြီးနီလမ်းပိုင်းနဲ့ ချောက်၊ စဥ့်ကူ ၊ပုဂံလမ်းပိုင်းတို့ကို လမ်းချဲ့ခြင်းနဲ့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံးအနီးရှိ မြို့လယ်ချောင်းကူးတံတား အသစ်တည်ဆောက်ခြင်းနဲ့ ချဉ်ကပ်လမ်းခင်းခြင်းစတဲ့ လုပ်ငန်း ၄ ခုကို ဆောင်ရွက်ခဲ့တာပါ။ ချောက်မြို့ လမ်းဦးစီးအရာရှိ […]

ပြည်တွင်းသတင်း

လာမည့်လွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၁ ဘတ်ဂျက်နှင့် ဥပဒေကြမ်းအချို့အတည်ပြုမည်

ဇူလိုင်လအတွင်း ပြန်လည်ခေါ်ယူကျင်းပမယ့် ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေမှာ ၂၀၂၀-၂၁ ခုနှစ်အတွက် ဘတ်ဂျက်တွေကို အတည်ပြုပြဋ္ဌာန်းမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ ဥပဒေကြမ်းတချို့အတည်ပြုဖို့ ရှိပါတယ်။ ရပ်နားထားတဲ့ လွှတ်တော်အသီးသီးရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်လွှတ်တော်အစည်းအဝေးမှာ အဓိက အကျဆုံးက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးဖို့ဖြစ်ပြီး ဒါမှသာ လာမယ့်ဘဏ္ဍာနှစ်အတွက် […]