Uncategorized

အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်မယ့်အပေါ် တရားသူကြီး တားမြစ်

အမေရိကန်ပြည်ထောင်စုမှာ သေဒဏ် ချမှတ်ခံထားရသူတွေထဲက ဒုတိယတဦးကို ဒီကနေ့ သေဒဏ်စီရင်ဖို့ စီစဉ်ထားတဲ့အပေါ် ဝါရှင်တန်ပြည်နယ် ပြည်ထောင်စုတရားသူကြီး တဦးက တားမြစ်မိန့် ထုတ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သေဒဏ်စီရင်တာကို ပိတ်ပင်ထားတာ ၁၇ နှစ်ကြာပြီးနောက်မှာမှ ပြန်ပြီး ကျင့်သုံးလာတဲ့အချိန် တပတ်အတွင်း ဒုတိယ မြောက်ကွပ်မျက်ဖို့ စီစဉ်ထားတာမှာ တရားသူကြီးရဲ့ တားမြစ်မိန့် ထွက်လာတာဖြစ်ပါတယ်။ သေဒဏ်ချခံထားရတဲ့ အသက် ၆၈ နှစ်အရွယ် Ire Purkey ဟာ သူ့ပြစ်မှုကြောင့် ကျခံရမယ့် […]

Uncategorized

မကွေးတိုင်းအတွင်း ၁၈ နှစ်ပြည့်မည့် လူငယ်မဲဆန္ဒရှင် ၃ သိန်းခန့်ရှိ

လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းအတွင်း ၁၈ နှစ်ပြည့်ကြမယ့် လူငယ်မဲဆန္ဒရှင် ၃ သိန်းလောက်ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦးက “တနိုင်ငံလုံး အတိုင်းတာနဲ့ ၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တွက်ချက်ထားတဲ့ စာရင်းတွေအရ ၁၈ နှစ်ပြည်မယ့် မဲဆန္ဒရှင် ၅ သန်းကျော်ရှိပြီး မကွေးတိုင်းအတွင်းမှာတော့ ၃ သိန်းလောက်ရှိနိုင်တယ်” လို့ […]

Uncategorized

ဖားကန့် ဝှေခါကျေးရွာတွင် မြေပြိုမှုထပ်ဖြစ်နိုင်၍ နေအိမ် ၃၉ လုံး ပြောင်းရွှေ့ပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဖြစ်ခဲ့တဲ့ ‌မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းသွားတဲ့အနီး မှော်သစ်ကြီး ရပ်ကွက် ၂ က နေအိမ် ၃၉ လုံး ပြောင်းရွှေ့နေရာချပေးခဲ့ပြီး လက်မခံတဲ့အိမ် ၉ လုံးရှိနေတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဲ့ဒီနေရာမှာ လူနေထိုင်ဖို့ အန္တရာယ်ရှိနိုင်တဲ့အတွက် လက်ရှိမှာ နေအိမ် ၇ လုံးအတွက် မြေကွက်ရော ၊ ပြောင်းရွှေ့ကြေးပါ ပေးထားပြီးပြီလို့ သိရပါတယ်။ အဲဒီနေရာမှာ လူနေထိုင်ဖို့ […]

Uncategorized

ကိုဗစ်-၁၉ ကြောင့် လူနေမှုစနစ်တခုလုံး ပြောင်းလဲမှုလုပ်ရန် မလိုဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကိုဗစ်-၁၉ ကြောင့် လူနေမှုစနစ်တခုလုံး ပြောင်းလဲတာလုပ်ဖို့လိုမှမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲတချို့ လုပ်ဖို့လိုမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူသားတွေဟာ အခြေအနေလိုအပ်ချက်နဲ့ညီအောင်နေထိုင် ရှင်သန်နိုင်ကြပြီး ကာကွယ်ကုသဆေးတွေ မပေါ်လာခင်အထိတော့ နေထိုင်ပုံတချို့ ပြောင်းဖို့လိုတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားပြောဆိုလိုက်တာပါ။ ‘New Normal’ ဆိုတဲ့အသုံးအနှုန်းက စဉ်းစားစရာပါ။ ‘နေထိုင်မှုပုံစံအသစ်’လို့အဓိပ္ပာယ်ဖော်ရမလား။ ကိုဗစ်ကြောင့် ကမ္ဘာကြီးက ပြန်မပြောင်းနိုင်တော့တဲ့အနေအထား ရောက်သွားလို့ ပုံစံအသစ်နဲ့ အားလုံးနေသွားကြရမယ့် သဘောလား။ ဒီအချိန်မှာတော့ ဆုံးဖြတ်ဖို့ စောသေးပါတယ်။ ကိုဗစ်တားဆီးရေး၊ […]

Uncategorized

YBS စီးနင်းသူ ပိုများလာ၊ တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်း

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS စီးနင်းသူ ဦးရေဟာ ဇူလိုင်လဆန်းကစလို့ အရင်ထက်ပိုများများလာပြီး အခုဆိုရင် တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်းနေပြီ ဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်‌နေ့က အများဆုံးစီးနင်းခဲ့ကြပြီး YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက မော်တော်ယာဉ်စီးရေ ၃,၇၉၀ စီးနဲ့ ခရီးသည် ၉၆၁,၉၂၆ ယောက်ကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။ ဇူလိုင် […]