ပြည်တွင်းသတင်း

လာမည့်လွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၁ ဘတ်ဂျက်နှင့် ဥပဒေကြမ်းအချို့အတည်ပြုမည်

ဇူလိုင်လအတွင်း ပြန်လည်ခေါ်ယူကျင်းပမယ့် ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေမှာ ၂၀၂၀-၂၁ ခုနှစ်အတွက် ဘတ်ဂျက်တွေကို အတည်ပြုပြဋ္ဌာန်းမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ ဥပဒေကြမ်းတချို့အတည်ပြုဖို့ ရှိပါတယ်။ ရပ်နားထားတဲ့ လွှတ်တော်အသီးသီးရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်လွှတ်တော်အစည်းအဝေးမှာ အဓိက အကျဆုံးက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးဖို့ဖြစ်ပြီး ဒါမှသာ လာမယ့်ဘဏ္ဍာနှစ်အတွက် […]

ပြည်တွင်းသတင်း

၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်၌ မဲရုံ ၁၃၀ နီးပါးလျာထား

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြိုနယ်မှာ မဲရုံ ၁၂၇ ရုံလျာထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် မဲရုံ ၁၇ ရုံလောက် ပိုတိုးလာဖွယ်ရှိတယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးက ”ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲရုံ ၁၁၀ ရုံ၊ လာမယ့် ၂၀၂၀ မှာတော့ ၁၇ ရုံ တိုးပြီးတော့ လျာထားပါတယ်။ လျာထားပေမဲ့ […]

ပြည်တွင်းသတင်း

ရေနံချောင်းမြို့နယ်တွင် မြစ်ကမ်းပြိုကျပြီး အိမ်ခြေ ၁၈ လုံး ပြောင်းရွေ့ရ

ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စား တဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ နေအိမ် ၁၈ အိမ်ပြောင်းရွေ့ရကြောင်း ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သိရပါတယ်။ ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးဇော်ထံက “အနေအထားက အဆက်မပျက် ပြိုနေတယ်ဗျာ။ မြေဧရိယာကတော့ ဧက ၂၀ ပတ်ချာလည်လောက် ဆုံးရှုံးမှုဖြစ်နေပြီး။ လွန်ခဲ့တဲ့ သုံးရက်ကနေ မြစ်ကမ်းပါးပြိုကျလို့ ဒီနေ့အထိ အိမ်ထောင်စု၊ နေအိမ် ၁၈ လုံး အိမ်ဖျက်ပြီး ပြောင်းရွေ့ […]

ပြည်တွင်းသတင်း

သင်္ဘော ၁ စီးကို ကျားဖောင် ၈ ဖောင်အထက်တိုးပြီး လုပ်ကိုင်ခွင့်ပြုရန် တောင်းဆို

ပင်လယ်ပြင်ရေလုပ်ငန်းမှာ သင်္ဘောတစ်စီးကို ကျားဖောင် ၈ ဖောင်သက်မှတ်ထားရာမှ ထပ်တိုးပြီး လုပ်ကိုင်ခွင့်ပေးဖို့ ဇွန်လ ၃၀ ရက်က ဖျာပုံမြို့မှာပြုလုပ်တဲ့ ရေလုပ်ငန်းရှင်များနဲ့ အကြိုညှိနှိုင်းအစည်းအဝေးမှာ ဖျာပုံဒေသခံ ကျားလုပ်ငန်းရှင်တွေက တောင်းဆိုပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းထွန်းက “အိမ်ထောင်စု ခြောက်ထောင်ကျော်ရှိတယ်၊ လူဦးရေ သုံးသောင်း ရှစ်ထောင်ကျော်ရှိတယ်။ ရွာမှာက ဒေသခံ ရေလုပ်သားတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပြီ၊ မှုခင်းတွေ ဖြစ်ပွားလာနိုင်တယ်။ ဒေသခံ ရေလုပ်သားတွေအားလုံး အလုပ်ပေးနိုင်ဖို့ သင်္ဘော […]

ပြည်တွင်းသတင်း

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြင်ဦးလွင်က စိုက်ပျိုးရေးခြံများတွင် လုပ်သားရှားပါးနေ

ကိုဗစ်-၁၉ ရောဂါကပ်ဘေး အခြေအနေကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းက စိုက်ပျိုးရေးခြံတွေမှာ အလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ ရှားပါးနေလို့ စိုက်ပျိုးရေးတောင်သူတွေ အခက်ကြုံနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကနေ ပုံမှန်ဝင်ငွေမရနိုင်တာနဲ့ ပြည်ပနိုင်ငံတွေမှာ လုပ်အားခ နှစ်ဆပိုရနိုင်တဲ့အတွက် လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကိုင်နေကြတာကြောင့် ကိုဗစ်ရောဂါ ကပ်ဘေး မတိုင်ခင်ကာလကတည်းက လုပ်သားရှားပါးနေတာဖြစ်ပါတယ်။ Organic နာနတ် စိုက်ပျိုးတောင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းညွန့်က”ကိုဗစ် မဖြစ်ခင် ကာလတုန်းကတော့ ပြင်ဦးလွင်မဟုတ်ပဲနဲ့ မြန်မာပြည်အောက်ပိုင်းဒေသပေါ့။ မြင်းခြံ၊ နွားထိုး၊ တောင်သာ […]

ပြည်တွင်းသတင်း

ဒေသခံများကန့်ကွက်နေသော်လည်း ကျောက်ဖြူခေတ်မီအဝေးပြေးကားဂိတ်သစ်အကောင်အထည် ဖော်မည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အဝေးပြေးကားဂိတ်ကို ကျောက်တလုံးအနီး ပြောင်းရွှေ့မှာကို ဒေသခံတွေ ကန့်ကွက်နေကြပေမဲ့ စနစ်ကျပြီး ခေတ်မီတဲ့ အဝေးပြေးကားကြီးကွင်း တခုပေါ်ပေါက် လာဖို့ လုပ်ဆောင်သွားမယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။ အဝေးပြေးကားဂိတ်သစ်ဖော်ဆောင်ဖို့ အစီအစဉ်ကို အစိုးရက ပွင့်ပွင့်လင်းလင်းမချပြဘဲ လုပ်ဆောင်နေတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာပါ။ အဝေးပြေးကားဂိတ်ပြောင်းရွှေ့နေရာချထားမှာကို ဇွန် ၂၂ ရက်နေ့က ဒေသအာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ ကားဂိတ်တာဝန်ရှိသူတွေဟာ ကျောက်ဖြူမြို့အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး […]

ပြည်တွင်းသတင်း

ချင်းပြည်နယ်တွင် လူငယ် မဲဆန္ဒရှင် ၇ သောင်းခန့်တိုးလာ

ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် လူငယ် မဲဆန္ဒရှင် ၇ သောင်းလောက် ထပ်တိုးလာတယ်လို့ သိရတယ်။ သန်းခေါင်စာရင်းအရ လူငယ် မဲဆန္ဒရှင် ၅ သောင်းရှိပေမဲ့ ပြင်ပမှာထွက်ခွာတဲ့ လူငယ်တွေနဲ့ဆိုရင် လူငယ် မဲဆန္ဒရှင် ၇ သောင်းရှိပြီး ပြင်ပကနေ ပြန်လာတဲ့အပေါ်မူတည်ပြီး လူငယ် မဲဆန္ဒရှင် အတိအကျဖော်ပြနိုင်မယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဦးလင်းကျော်က ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအချိန်က ချင်းပြည်နယ်မှာ မဲဆန္ဒရှင် […]

ပြည်တွင်းသတင်း

မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းကို သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မည်

မော်လမြိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စံနှုန်း သတ်မှတ်ချက် ဖြစ်တဲ့ NTU 5 အဆင့်ထက်ပိုတဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော အပါအဝင် ဘီးလင်းမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်တွေဟာ နှစ်စဉ် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ရတာပါ။ လက်ရှိမှာတော့ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အတ္ထရံမြစ်ရေတင် စီမံကိန်း အပါအဝင် ရွှေနတ်တောင်ဆည်နဲ့ […]

ပြည်တွင်းသတင်း

မင်းကင်းမြစ်ရိုးတ​လျှောက်​ လမ်းပိုင်း​များ အဆင့်မြှင့်တင်​ပေးရန် ​ဒေသခံများ တောင်းဆို

စစ်ကိုင်းတိုင်း​၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်းမှာ အသစ်​ ဖောက်လုပ်ထားတဲ့ တစ်​ကြောင်းထိုးလမ်း​တွေကို ရာသီမ​ရွေးသွားလာလို့ရအောင် အဆင့်မြှင့်တင်​ပေးဖို့ ​ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ​ရှေးယခင်ကတည်းက ချင်းတွင်းမြစ်ရိုးအထက်ပိုင်း​ဒေသခံ​တွေဟာ ​ကျန်းမာ​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး အစစအရာရာ ရေလမ်း​​ကြောင်းတစ်ခုတည်းကိုသာ အားကိုးသွားလာ​နေကြရတာ ဖြစ်ပါတယ်။ အသစ်​​ဖောက်လုပ်ထားတဲ့ တစ်​ကြောင်းထိုးလမ်းပိုင်း​တွေ အဆင့်မြှင့်တင်ပေးဖို့ ​ဆောက်လုပ်​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ​ဒေါက်တာ​ကျော်လင်းနဲ့​ ဒေသခံပြည်သူ​တွေ့ဆုံပွဲမှာ ပြည်သူ​တွေရဲ့ တင်ပြ​ တောင်းဆိုခဲ့ကြတာပါ။ ​လျှော်ဖြူပင်​ကျေးရွာ​နေ ဦးသိန်းမြင့်က “မင်းကင်းမြစ်ရိုးတလျှောက်မှာ အရင်က ​ရေလမ်းတခုပဲ […]

ပြည်တွင်းသတင်း

ထိုင်းနှင့် မလေးရှားက ပြန်လာသူ ၁၅၀ ကျော် quarantine ရက်ပြည့်၍ နေရပ်ပြန်

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၁၅၀ ကျော် quarantine ရက်ပြည့်လို့ ရန်ကုန်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကူညီနဲ့ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။ လိုင်သာယာ နည်းပညာတက္ကသိုလ်ရဲ့ ပုဂံဆောင်နဲ့ အမရာဆောင်တွေမှာ quarantine ဝင်နေတဲ့ ထိုင်းနဲ့မလေးရှားကပြန်လာသူ ၁၅၂ ဦး ဇူလိုင် ၉ ရက်နေ့မနက်ပိုင်းက နေရပ်ပြန်ခဲ့ကြတာလို့ ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့(YRO) ဒုဥက္ကဋ္ဌ ဦးမိုးငြိမ်က ပြောပါတယ်။ သူတို့ဟာ စုစုပေါင် quarantine ၂၁ ရက်နေထိုင်ခဲ့ရပြီး ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကို […]