Quarantine ဝင်နေသည့် တရုတ်ပြန် အမျိုးသား ၁ ဦး သေဆုံး

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝတိုက္နယ္ေဆး႐ုံမွာ Quarantine ဝင္ေနတဲ့ ေရာင္စုံေက်း႐ြာသား ေစာင့္ၾကည့္ လူနာတစ္ဦး ဇူလိုင္ ၁၄ ရက္ေန႔က ေသဆုံးသြားတယ္လို႔ အေပါက္ဝတိုက္နယ္ေဆး႐ုံက ေဒါက္တာသန္းထြန္းဦးက ဒီဗြီဘီကို ေျပာပါတယ္။

ေသဆုံးသူဟာ တ႐ုတ္ႏိုင္ငံကေန ဇြန္လ ၃၀ ရက္ေန႔က သူ႔ရဲ႕ေနရပ္ျဖစ္တဲ့ ေရာင္စုံေက်း႐ြာကို ျပန္လာၿပီး ေက်း႐ြာအတြင္းက စာသင္ေက်ာင္းမွာ Quarantine ဝင္ေနတဲ့သူ တစ္ဦး ျဖစ္ပါတယ္။

အေပါက္တိုက္နယ္ေဆး႐ုံက ေဒါက္တာသန္းထြန္းဦးက“ေသဆုံးသြားတာ ဟုတ္ပါတယ္။ တ႐ုတ္ကျပန္လာကတည္းက သူ႔မွာေသြးတိုးရွိၿပီး ကိုယ္ခႏၶာ တစ္ျခမ္းလႈပ္မရတဲ့အေျခအေနျဖစ္ ေနတယ္။ အဲဒီေန႔က ၃ နာရီက အဖ်ားတက္ၿပီးေတာ့ ၄ နာရီေလာက္မွာ သတိေမ့သြားတယ္။ ႏွာေခါင္းတို႔ဖတ္ကို ပို႔ထားတယ္။ အေျဖရရွိဖို႔” လို႔ေျပာပါတယ္။

ေသဆုံးသူဟာ Quarantine ဝင္ေနစဥ္ ဖ်ားနာလာၿပီး အပူခ်ိန္ျမင့္တက္လာတာေၾကာင့္ ဇူလိုင္ ၁၄ ရက္ေန႔က အေပါက္ဝေဆး႐ုံကို ပို႔ေဆာင္ၿပီး ေဆးကုသမႈခံယူေနစဥ္အတြင္း ေသဆုံးခဲ့တယ္လို႔ ေဒါက္တာသန္းထြန္းဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က” သူကတ႐ုတ္ျပည္ နန္းစီးဖက္က ျပန္လာတာ၊ နယ္စပ္ကျဖတ္ၿပီးလာတာေပါ့။ အဲ့ဒီမူဆယ္တို႔ဘက္က စစ္ၿပီးခါမွ ဒီဘက္ရခိုင္ကိုပို႔တာဗ်၊ ရခိုင္ကိုေရာက္ေရာက္ခ်င္းေန႔ ၂ ရက္ေန႔မွာပဲ ႏိုင္ငံျခားျပန္ ျဖစ္တဲ့အတြက္ေၾကာင့္ Quarantine ထားတယ္။ သူနဲ႔ သူမိန္းမ၊ ၿပီးေတာ့ ေနာက္တစ္ေယာက္ Quarantine ထားပါတယ္။ သူကေဆး႐ုံးမွာပဲ ဆုံးသြားပါတယ္။”လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူ ၁၂ ဦး ရွိၿပီး ၈ ဦးမွာ ေရာဂါပိုးမေတြ႕ရွိတာေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ရရွိခဲ့ပါတယ္။

———————

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ဆေးရုံမှာ Quarantine ဝင်နေတဲ့ ရောင်စုံကျေးရွာသား စောင့်ကြည့် လူနာတစ်ဦး ဇူလိုင် ၁၄ ရက်နေ့က သေဆုံးသွားတယ်လို့ အပေါက်ဝတိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူဟာ တရုတ်နိုင်ငံကနေ ဇွန်လ ၃၀ ရက်နေ့က သူ့ရဲ့နေရပ်ဖြစ်တဲ့ ရောင်စုံကျေးရွာကို ပြန်လာပြီး ကျေးရွာအတွင်းက စာသင်ကျောင်းမှာ Quarantine ဝင်နေတဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အပေါက်တိုက်နယ်ဆေးရုံက ဒေါက်တာသန်းထွန်းဦးက“သေဆုံးသွားတာ ဟုတ်ပါတယ်။ တရုတ်ကပြန်လာကတည်းက သူ့မှာသွေးတိုးရှိပြီး ကိုယ်ခန္ဓာ တစ်ခြမ်းလှုပ်မရတဲ့အခြေအနေဖြစ် နေတယ်။ အဲဒီနေ့က ၃ နာရီက အဖျားတက်ပြီးတော့ ၄ နာရီလောက်မှာ သတိမေ့သွားတယ်။ နှာခေါင်းတို့ဖတ်ကို ပို့ထားတယ်။ အဖြေရရှိဖို့” လို့ပြောပါတယ်။

သေဆုံးသူဟာ Quarantine ဝင်နေစဉ် ဖျားနာလာပြီး အပူချိန်မြင့်တက်လာတာကြောင့် ဇူလိုင် ၁၄ ရက်နေ့က အပေါက်ဝဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့တယ်လို့ ဒေါက်တာသန်းထွန်းဦးကပြောပါတယ်။

ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က” သူကတရုတ်ပြည် နန်းစီးဖက်က ပြန်လာတာ၊ နယ်စပ်ကဖြတ်ပြီးလာတာပေါ့။ အဲ့ဒီမူဆယ်တို့ဘက်က စစ်ပြီးခါမှ ဒီဘက်ရခိုင်ကိုပို့တာဗျ၊ ရခိုင်ကိုရောက်ရောက်ချင်းနေ့ ၂ ရက်နေ့မှာပဲ နိုင်ငံခြားပြန် ဖြစ်တဲ့အတွက်ကြောင့် Quarantine ထားတယ်။ သူနဲ့ သူမိန်းမ၊ ပြီးတော့ နောက်တစ်ယောက် Quarantine ထားပါတယ်။ သူကဆေးရုံးမှာပဲ ဆုံးသွားပါတယ်။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၂ ဦး ရှိပြီး ၈ ဦးမှာ ရောဂါပိုးမတွေ့ရှိတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါတယ်။